အပိုင်း(၅၀) Zawgyi

122 19 3
                                    

ဒုတိယတောင်းဆိုချက်။

အချက်ခွဲ (၃) ခုပါဝင်သော ဒုတိယတောင်းဆိုချက် မှာအောက်ပါအတိုင်းဖြစ်သည်။

၁ ။ ဧကရီမဖြစ်ထိုက်သော မင်းသမီး နာရာခန်အား နန်းတက်ခွင့်မပြုရန်။

၂ ။ မင်းသမီး နာရာခန် အနေနဲ့ အနာဂတ်နန်းမွေဖြစ်သော တော်ဝင်သွေးကို ဖွားမြင်ပေးရုံမှအပ အင်ပါယာရေးရာကို ဝင်စွက်ဖက်ခြင်းမပြုရန်။

၃ ။ နောင်တစ်ချိန်နန်းတက်မည့်ဧကရာဇ်လောင်းလျာ (သို့မဟုတ်) ဧကရီလောင်းလျာ​၏ နန်းတက်ရေးသည် အင်ပါယာ​၏အဓိကအင်အားစုသုံးခုဖြစ်သည့် (နန်းတွင်း၊ ဆာမူရိုင်းအဖွဲ့အစည်း၊ နင်ဂျာအဖွဲ့အစည်း) တို့​၏ထောက်ခံချက်အပေါ်မူတည်မည်ဖြစ်ပြီး ၊ ထိုဧကရာဇ်လောင်းလျာ(သို့မဟုတ်) ဧကရီလောင်းလျာ နန်းတက်ခွင့်မရခင်အထိ လက်ရှိအုပ်ချုပ်သူဖြစ်သော ဧကရာဇ်ဆူရာခန်ကသာ ထီးနန်းကိုဆက်ထိန်းထားရန်။
______________ ____________

စစ်ပွဲတွင် အနိုင်ရရှိခဲ့သည့် ခန်အင်ပါယာကြီးသည်
ရွှေတန်ချိန်ပေါင်း xxx တန် နှင့်ညီမျှသော ငွေကြေးပမာဏကို နှစ်စဉ် စစ်လျော်ကြေးအဖြစ် အနှစ်သုံးဆယ်တိတိ ရရှိမည်ဟု သဘောတူညီမှုရရှိခဲ့သည်။

ပြည်သူတွေ​၏ ညီညွတ်မှုနှင့်အတူ အုပ်ချုပ်သူအကြီးအကဲများ​၏ ဦးဆောင်မှုကြောင့် စစ်ပွဲကြီးပြီးဆုံးသွားပြီး တစ်နှစ်အတွင်းမှာပင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ထိရောက်မှုရှိစွာဆောင်ရွက်နိုင်ခဲ့သည်။ထိုသို့တစ်နှစ်ပတ်လုံးထူထောင်ရေးလုပ်ငန်းများကိုတညီတညွတ်အပတ်တကုတ်လုပ်ဆောင်ခဲ့သော ပြည်သူများအတွက် ယနေ့သည် အင်ပါယာတစ်ခုလုံးနှင့်သက်ဆိုင်သည့်နေ့ထူးနေ့မြတ်တစ်ခုဖြစ်သည်။

"အဆင်သင့်ဖြစ်ပြီလား နာရာ..."

ခန့်ညားသောအသွင်အပြင်ဖြင့် မင်းသမီးနန်းဆောင်အတွင်းဝင်ရောက်လာသည့် ရှောင်းကျန့်က အခြွေအရံများဝန်းရံလို့ထားသည့် မင်းသမီးနာရာခန်ကို မေးလိုက်သည်။

ပန်းနုရောင် ကီမိုနိုကိုဝတ်ဆင်လို့ထားသည့် နာရာခန်က ခန္ဓာကိုယ်ထက်ရှိ အဆောင်အယောင်များဖြင့် အတိုင်းထက်အလွန်လှသွေးကြွယ်နေလွန်းလှသည်။ နဂိုပန်းနုရောင်သန်းသည့် ပါးပြင်နုနုတို့ထက် မျက်နှာချေအနည်းအကျဉ်းသာခြယ်မှုန်းထားတာဖြစ်ပြီး မျက်ဆံနက်နက်မျက်ဝန်းတို့ကလည်း ပကတိအတိုင်း စင်ကြယ်လို့နေကာမြူမှုန်တို့ကင်းလို့နေ​၏။

Bamboo ForestWhere stories live. Discover now