အပိုင်း(၂၀) Unicode

1.1K 149 9
                                    

နန်းတွင်း​၏စစ်ရေးလေ့ကျင့်ကွင်းမြေလွတ်တစ်နေရာတွင် ရှောင်းကျန့်နှင့် သူ့ဖခင်ဖြစ်သူရှောင်းဟာရုတို့နှစ်ဦးသား အချင်းချင်းဓားရေးလေ့ကျင့်နေကြသည်။တဖြည်းဖြည်းနီးကပ်လာပြီဖြစ်သည့် မင်္ဂလာပွဲကြောင့် ရှောင်းဟာရုသည် ရှောင်းအိမ်တော်ကိုမပြန်ဘဲ မင်္ဂလာပွဲပြီးသည်အထိ နန်းတော်ထဲမှာပဲဒီအတောအတွင်းနေထိုင်မှာဖြစ်သည်။

ရှောင်းကျန့်ကို သူကိုယ်တိုင်ပင်ဓားရေးသင်ကြားပေးခဲ့သော်လည်း သူ့ထက်ပိုတော်သည်ကိုရှောင်းဟာရုကောင်းကောင်းသိ​၏။ဧကရာဇ်ကိုယ်တိုင်ကရှောင်းကျန့်ကို ဒီအချိန်မှာစိတ်လွတ်လွတ်လပ်လပ်နေခိုင်းသော်ငြား ရှောင်းဟာရုကမူ ရှောင်းကျန့်လက်နှင့် ဆာမူရိုင်းဓားကိုအမြဲတမ်းမကွာရှိနေစေချင်တာဖြစ်သည်။

"ချွမ်း..."

ဓားနှစ်လက်​၏အသွားတို့သည့် စုံကျသွားပြီးနောက် ရှောင်းကျန့်က နောက်တစ်လှမ်းဆုတ်၍ဓားကိုပြန်ခွာလိုက်ကာ အလွန်လျင်မြန်သောနှုန်းဖြင့် ဓားကို ပြန်ရွယ်လိုက်သည်။

လည်ပင်းပေါ်တည့်တည့်ကျရောက်လာသည့်ဓားဖျားကို ရှောင်းဟာရု မကာကွယ်လိုက်နိုင်။ အနိုင်အရှုံးပေါ်သွားသည့် ပွဲကြောင့် သူ့ဖခင်လည်ပင်းပေါ်ရောက်နေသည့်ဓားဖျားကိုရှောင်းကျန့်ချက်ချင်းပြန်ဖယ်လိုက်ကာ ရိုသေသမှုဖြင့်ကိုယ်ကိုကိုင်းညွတ်လိုက်ပြီး...

"မရည်ရွယ်ပါဘူး..."

ရှောင်းဟာရု သူ့ဓားကို ဓားအိမ်ထဲပြန်သွင်းလိုက်၍...

"ကောင်းတယ်...လက်ရည်ကို ဒီတိုင်းပဲဆက်ထိန်းထား..."

နှစ်ယောက်သား အရိပ်ရှိသည့်အမိုးအကာအောက်သို့ရောက်လာကာ နန်းတွင်းသူများလာချပေးထားသည့် ပုဝါစတို့ဖြင့် ချွေးစတို့ကိုသုတ်လိုက်သည်။ ချွေးစများကပ်ညိနေသည့် ရှောင်းကျန့်​၏ နှဖူးထက်က ဆံနွယ်တို့သည် အရိုင်းဆန်သည့်ဘက်ကိုရောက်လို့နေကာ တစ်မျိုးကြည့်ကောင်း​၏။

ရှောင်းဟာရု အမောဖြေသည့်အနေဖြင့် ရေတစ်ခွက်ကိုသောက်သုံးလိုက်ပြီး...

Bamboo ForestWhere stories live. Discover now