ပြာမှိုင်းမှိုင်းကောင်းကင်ထက် တက်ဝန်းနေ၏အနီရောင်ဖျော့ဖျော့ခြယ်မှုန်းချိန်သည် နေ့တစ်နေ့၏မင်္ဂလာအရှိဆုံးချိန်ဖြစ်၏။ မင်္ဂလာရှိသောအခမ်းအနားတစ်ခုစတင်မည့်အချိန်လည်းဖြစ်သည်။
အခမ်းအနားစတင်တော့မည်ဖြစ်ကြောင်းအချက်ပေးမြည်ဟီးလာသည့် မင်္ဂလာစည်တော်သည်မိုးထိညံသည်။ နန်းတွင်းတစ်ဝန်းလုံးသာမက မြို့တော်သူမြို့တော်သားများအားလုံး ကြားစိမ့်ရာ၏။
"ဒီနေရာမှာ နေရာယူပေးပါ မင်းသမီး...မကြာခင်ကြင်ယာတော်ရောက်လာပါလိမ့်မယ်..."
နန်းရင်ပြင်သို့ရောက်လာပြီဖြစ်သော နာရာခန်သည် အထိန်းတော်တစ်ယောက်ညွှန်ပြပေးသောနေရာတွင်နေ၏။
မင်္ဂလာလျှောက်လမ်းကျယ်နှင့်ဘေးဘီဝဲရာတွင် တော်ဝင်မိသားစုများနှင့် အတူ ဆာမူရိုင်းအဖွဲ့အစည်းအကြီးအကဲများအပြင် နန်းတွင်းသူ နန်းတွင်းသားတချို့လည်းတက်ရောက်ကြတာဖြစ်သည်။
ဇာပုဝါအောက်၌ ပုန်းလျှိုးနေသော မျက်ဝန်းတို့သည့် ဧည့်ပရိသတ်တို့ရှိရာသို့ဝေ့ဝဲကြည့်လိုက်ရင်း ဧည့်ပရိတ်သတ်များကြား ထင်လင်းစွာရှိနေသည့်သူအပေါ်သို့အကြည့်များရောက်သွားခိုက် မျက်ရည်များဝဲတက်မိသည်။
ဘာကြောင့်များ နာရာ့ကိုလှမ်းကြည့်နေတဲ့မျက်ဝန်းအိမ်တို့ကညှိုးငယ်နေရတာလဲ။ ဆွေးမြေ့နေတဲ့အကြည့်တွေက်ိုပြန်လည်ရုတ်သိမ်းပေးပါဝမ်။ နာရာလည်းပျော်မနေဘူးဆိုတာဝမ်သိစေချင်တယ်။ ပြုံးပါ...နာရာ့ကိုအတ္တကြီးတယ်လို့ဆိုလည်း ဒီလိုအချိန်မျိုးမှာတောင်ဝမ့်ရဲ့အပြုံးအေးအေးလေးတွေကိုပဲ နာရာမြင်နေချင်မိတယ်။
မခိုင်မခံ့ယိုင်နဲ့ချင်သလိုလိုဖြစ်လာသည့် စိတ်အစဉ်ကြောင့် နာရာခန် သူ့အကြည့်များကို မည်သည့်ဘက်မှ မကျရောက်စေတော့ဘဲ အရှေ့တည့်တည့်သာရှုလိုက်၏။ မကြာမီမှာပင် တည်ငြိမ်သောခြေလှမ်းများဖြင့် လျှောက်လှမ်းလာသည့်ရှောင်းကျန့်သည်နာရာခန်၏ဘေးသို့ရောက်ရှိလာ၏။ နှစ်ဦးသားမျက်နှာချင်းဆိုင်မိသည့်အခါ အပြုံးနွေးနွေးတစ်ခုစီဖြင့် အချင်းချင်းအသိအမှတ်ပြုလိုက်၏။
YOU ARE READING
Bamboo Forest
Fanfictionအာဃာတနဲ့မေတ္တာ၊ ဦးနှောက်နဲ့ နှလုံးသား။ တိုင်းပြည်နဲ့လူမျိုး ၊ တာဝန်နဲ့ဝတ္တရား။ ဘယ်ကိုဆက်လျှောက် လမ်းပျောက်နေတဲ့အခါ... ဤနေရာမှာခြေစုံရပ်လို့။ အနောက်သို့... တစ်လှမ်း...နှစ်လှမ်း...သုံးလှမ်း။ Cover Photo Crd: