အပိုင်း(၃၅) Zawgyi

136 16 2
                                    

မနေ့ညက အအေးဒဏ်ကြောင့် ဘယ်လိုမှခရီးဆက်လို့မရတော့သည့်အခါ တောတွင်းတစ်နေရာတွင်သာ မီးပုံဖိုစတည်းချခဲ့ရသည်ဖြစ်၍ ဝမ်ရိပေါ်တို့နှစ်ဦးသား သူတို့သွားလိုသည့်နေရာကို မနက်မိုးစင်စင်လင်းမှရောက်ရှိခဲ့ကြသည်။

တောအုပ်တစ်ခုဖြတ်ကျော်ပြီးနောက် ဝါးရုံတောအဆင့်ဆင့်ကိုကျော်ဖြတ်ပြီး ရောက်ရှိလာသောနေရာသည် ခန့်မှန်းခြေ လူနေအိမ် ငါးရာခန့်ရှိသော နယ်မြေဒေသတစ်ခုဖြစ်သည်။

မြို့တော်နှင့်အင်မတန်အလှမ်းဝေးသည့်နေရာ ၊ လူအဆက်အသွယ်တွေနဲ့ အလွန်ကင်းရှင်းလွန်းသည့်နေရာတွင် ထိုသို့သော အိမ်ခြေရာများရှိမှန်း ရှောင်းကျန့်မသိခဲ့။ ရှောင်းကျန့်တင်မက ဒီနယ်မြေမှာနေသည့် လူများမှလွဲ၍ ဒီနေရာ​၏ တည်ရှိမှုကို မည်သူမှမသိအောင် သိုသိပ်လွန်းတာဖြစ်သည်။

"ဝမ်လေး ရောက်လာတယ်...!! "

မြင်းကို တစ်နေရာမှာကြိုးချည်၍ ထိုအိမ်ခြေရာစုဝန်းအတွင်းသို့ ရှောင်းကျန်တို့နှစ်ဦးသားခြေချလိုက်သည်နှင့် ခပ်စူးစူးဝမ်းသာအားရအော်သံတချို့နဲ့အတူ လူဆယ်ယောက်ခန့်သည် ဝမ်ရိပေါ်ရှိရာသို့ပြေးလာကြသည်။ ဝမ်ရိပေါ်ကိုသာဝိုင်းအုံ၍ ပွေ့ဖက်ကြသည်ဖြစ်၍ဝမ်ရိပေါ်ဘေးနားကပ်နေသည့်ရှောင်းကျန့်သည်အလိုလို အဝေးသို့ရောက်လို့သွားသည်။

တစ်စထက်တစ်စလူများ ဝိုင်းအုံလာကြသည်ဖြစ်ရာ ရှောင်းကျန့် ထိုနေရာနှင့် အဝေးတွင်သွားရပ်နေသည်။ အားလုံး​၏မျက်နှာထက်တွင် ပျော်ရွှင်ရိပ်များလွှမ်းခြုံနေကြတာဖြစ်ပြီး ဝမ်းသာအားရကြိုဆိုနေကြတာဖြစ်သည်။ ဝိုင်းအုံနေသည့်လူအုပ်ထဲတွင် ဝမ်ရိပေါ်ကိုပင်ရှာ၍မရတော့။

ဝမ်ရိပေါ်ကို နှုတ်ဆက်ကြသောသူများတွင် လူအချို့သာ"ဝမ်လေး"ဟုသုံးနှုန်း၍ ဖက်လှဲတကင်းတရင်းတနှီးဆက်ဆံကြတာဖြစ်ပြီး အများစုကတော့ လေးစားသည့်အမူအရာများဖြင့် အရိုအသေပေးကြတာဖြစ်တာကြောင့် ထိုလူတွေနဲ့ ဝမ်ရိပေါ်​၏ပတ်သက်မှုကို ရှောင်းကျန့်တွေးလို့နေမိသည်။တစ်ဆက်တည်းမှာပင် ဘယ်အချိန် ဒီလူအုပ်ကြီးပြန်ကွဲသွားမလဲဟု ရှောင်းကျန့်တွေးကာ လက်ထဲက ဝါးဓားကိုကိုင်၍လက်ပိုက်ကြည့်နေမိသည်။

Bamboo ForestWhere stories live. Discover now