"အဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်တွေ..."
"ဒါ ငါတို့သိက္ခာကိုသက်သက်မဲ့ စော်ကားတာ..."
"ငါတို့က ဘာလို့မဆီမဆိုင်အစစ်ဆေးခံရမှာလဲ..."
"ရိုးရိုးသားသားနဲ့ နန်းတွင်းမှာ အမှုထမ်းဖို့လာခဲ့ကြတာကွ..."
"အဲ့ဒီဆာမူရိုင်းတွေက နေရာတကာ ဝင်ပါလွန်းတယ်..."
အစစ်ဆေးခံရမည့် လူများတန်းစီရပ်စောင့်နေရင်း တစ်ယောက်တစ်ပေါက်ပြောဆိုနေကြသည့်အချိန်တွင် ဝမ်ရိပေါ်က စာအုပ်ကိုသာ အေးဆေးစွာဖတ်ရှုနေ၏။တည်ငြိမ်နေလွန်းသည့်ဝမ်ရိပေါ်ကိုသူ့ဘေးကတစ်ယောက်က...
"ခင်ဗျားက ဘာမှမဖြစ်ဘူးလား...ဒီလိုမျိုးမယုံသင်္ကာပုံစံမျိုးတွေနဲ့ကျုပ်တို့အားလုံးကို စစ်ဆေးမှာကို မခံပြင်းဘူးလား..."
ဝမ်ရိပေါ်ဘာမှပြန်မဖြေပုခုံးသာပင့်ပြလိုက်သည်။မကြာခင် သူတို့ရှိရာသို့အမှုစစ်တချို့နှင့်ဆာမူရိုင်းတချို့လျှောက်လာသည်။ဝမ်ရိပေါ် စာအုပ်ပေါ်ရောက်နေသည့်သူ့မျက်လုံးများကိုနေရာရွှေ့ကာအရှေ့ကိုကြည့်လိုက်သည်။
သူ့ကိုတစ်ချက်တောင်စွေမကြည့်ဘဲ အရှေ့ကဖြတ်လျှောက်သွားတော့မည့်လူကိုတွေ့တော့မသိမသာ ခြေထိုးခံလိုက်၏။ဟိုဘက်က လမ်းလျှောက်ရင်းဟန်ချက်ပျက်သွားပြီး မျက်မှောင်ကျုံ့ပြန်ကြည့်လာသောအခါမှ မျက်ခုံးပင့်ကာပြုံးပြလိုက်၍ စာအုပ်ပြန်ဖတ်နေလိုက်သည်။ဘာမှတော့မဟုတ်။သူ့ရဲ့တည်ရှိမှုကို ဟိုလူသိနေရင် ရပြီ။
"နောက်တစ်ယောက်ဝင်လာခဲ့..."
တစ်ယောက်ပြီးတစ်ယောက်စစ်ဆေးပြီးသွားသည့်အခါ ဝမ်ရိပေါ်အလှည့်ရောက်လို့လာ၏။ ရာဇဝတ်သားတွေကို စစ်ဆေးသည့် အခန်းမျိုးမဟုတ်ပေမယ့် စစ်တဲ့သူတွေအများကြီးရှိနေသည့်အဆောင်ခန်းသည် အနည်းငယ်တော့ စိတ်ကျဉ်းကျပ်ဖွယ်ရာကောင်း၏။
ဝမ်ရိပေါ်က လက်တစ်ဖက်တွင် စာအုပ်ကိုကိုင်ကာဝင်လာရင်း စစ်ဆေးခံမည့် လူများအတွက်ပေးထားသော ခုံနေရာတွင် ထိုင်လိုက်သည်။ အရှေ့တွင် စားပွဲတစ်လုံးရှိနေရာ မျက်နှာချင်းဆိုင်တွင်တော့ စစ်ဆေးမည့် သူများထိုင်နေတာဖြစ်၏။
YOU ARE READING
Bamboo Forest
Fanfictionအာဃာတနဲ့မေတ္တာ၊ ဦးနှောက်နဲ့ နှလုံးသား။ တိုင်းပြည်နဲ့လူမျိုး ၊ တာဝန်နဲ့ဝတ္တရား။ ဘယ်ကိုဆက်လျှောက် လမ်းပျောက်နေတဲ့အခါ... ဤနေရာမှာခြေစုံရပ်လို့။ အနောက်သို့... တစ်လှမ်း...နှစ်လှမ်း...သုံးလှမ်း။ Cover Photo Crd: