အပိုင်း(၁၃) Unicode

1K 139 0
                                    

သေဆုံးခန္ဓာကိုယ်များကို နန်းရင်ပြင်မှာ ပြောင်ပြောင် တင်းတင်းတန်းစီထားခြင်းသည်အင်မတန်ရဲတင်းလွန်းသောကိစ္စဖြစ်သည်။နန်းတွင်း​၏လုံခြုံရေးကိုလည်းပျက်ရယ်ပြုလိုက်သည့်သဘောပင်ဖြစ်​၏။

သတင်းရကတည်းက ဧကရာဇ်ဦးဆောင်၍နန်းတွင်းအကြီးအကဲများပါဝင်ကာညီလာခံလုပ်ကြသည်။

"ကျုပ်မိန်းမရဲ့အမျိုးတစ်ယောက်အရပ်ထဲမှာကြားလာတာကတော့ မနေ့က ကပွဲရုံတစ်ခုမှာ ဆာမူရိုင်းတချို့နဲ့ နန်းတွင်းစစ်သည် ငါးယောက်အချင်းများခဲ့တယ်တဲ့...ဓားတွေဆွဲတဲ့အထိတောင်ဖြစ်ခဲ့ကြတာ..."

"ဟိုတစ်ခါတုန်းကလည်း...&@$#^*..."

တစ်ယောက်တစ်ပေါက်ပြောဆိုနေမှုများတွင် တချို့သောမူးကြီးမတ်ရာတို့​၏နှုတ်မှ ဆာမူရိုင်းတွေ​၏လက်ချက်ဖြစ်နိုင်သည်ဟု ခပ်သဲ့သဲ့ထွက်လာသည်။သို့သော် ဆာမူရိုင်းတွေကိုအကြွင်းမဲ့ယုံကြည်သည့်ဧကရာဇ်ဆူရာခန်က ရှောင်းဟာရုနှင့် ရှောင်းကျန့်ကို ညီလာခံတက်ရောက်ဖို့တစ်ခါတည်းဆင့်ခေါ်ခဲ့သည်။

"သေဆုံးသူတွေက မနေ့က ရန်ပွဲနဲ့သက်ဆိုင်မှုမရှိပါဘူး..."

ရှောင်းကျန့်စကားကို မေးခွန်းထုတ်ချင်ကြသည့် မူးကြီးမတ်ရာများက...

"ဘာကိုကြည့်ပြီးပြောနိုင်တာလဲ..."

​သေဆုံးအလောင်းများကိုတွေ့လာခဲ့ပြီဖြစ်သောရှောင်းကျန့်က ထိုသေဆုံးသူငါးယောက်မှာမနေ့ကဆာမူရိုင်းတွေနဲ့ပတ်သက်ခဲ့သည့်ငါးယောက်မဟုတ်မှန်းအတပ်သိသည်။သို့ပေမယ့် သူဘယ်လိုသိကြောင်းကိုတော့ပြောဖို့အခက်ကြုံနေသည်။အကယ်၍သူဖွင့်ပြောလိုက်ပါလျှင်မနေ့ကနန်းပြင်ခိုးထွက်သည့်ကိစ္စပေါ်သွားနိုင်တာဖြစ်ပြီး နာရာခန်ကိုထိခိုက်နိုင်ကာထီးနန်းအတိမ်းအစောင်းဖြစ်နိုင်သည်။

"ညတုန်းက လုံခြုံရေးတွေကို အသေအချာစစ်ဆေးခဲ့တယ်မဟုတ်လား..."

ဧကရာဇ်ဆူရာခန်က ရှောင်းကျန့်ဘက်သို့ကြည့်၍မေးလိုက်သည်။ဧကရာဇ်​၏မျက်နှာတည့်တည့်ကိုကြည့်ပြီးမုသားစကားပြောမထွက်သည့်ရှောင်းကျန့်ကခေါင်းသာညိတ်ပြလိုက်သည်။ညတုန်းကနန်းတွင်းထဲပြန်ရောက်လာပြီးသူအသေအချာစစ်ဆေးခဲ့တာဖြစ်သည်။သို့သော်လည်း သူနန်းပြင်ရောက်နေတဲ့အချိန်မှာ မသမာသူတွေကြိုရောက်နေခဲ့တာဆိုရင်တော့သူ့အပြစ်ပဲဖြစ်သည်။သူအရမ်းကိုပေါ့ဆခဲ့တာဖြစ်​၏။

Bamboo ForestWhere stories live. Discover now