အပိုင်း(၄၀) Zawgyi

125 16 0
                                    

"ဟေ့လူ...ဈေးလယ်ခေါင်မှာ မတ်တပ်ရပ်မနေနဲ့ ဈေးသိမ်းချိန်ရောက်ပြီ အိမ်ပြန်ဖို့လုပ်တော့..."

ဈေးလယ်ခေါင်မှာ မလှုပ်မယှက် ရပ်နေမိသည့်ရှောင်းကျန့်က အနောက်နားဆီမှ အမိန့်သံတစ်ခုကြောင့်သတိပြန်ဝင်လာသည်။ ဒီလိုလေသံနဲ့ပြောဆိုကြတာ နန်းတွင်းစစ်သည်တွေပဲရှိသည်ဟု ရှောင်းကျန့်အတပ်သိသည့်အခါ ခေါင်းထက်ကဝါးခမောက်ကိုပို၍ငိုက်စိုက်စွာဆွဲချလိုက်ကာ ထိုနေရာမှ ချက်ချင်းထွက်ဖို့ပြင်တော့သည်။

မြင်းခေါင်းကိုရှောင်းကျန့်လှည့်၍ ခြေသုံးလှမ်းခန့် လှမ်းပြီးသောအခါ နန်းတွင်းစစ်သည်တစ်ယောက်က...

"ခဏနေဦး..."

ဘာရည်ရွယ်ချက်ကြောင့် တားမြစ်ခြင်းခံလိုက်ရသည်မသိပေမယ့် ရှောင်းကျန့်သူ့ခန္ဓာကိုယ်ကိုအသင့်အနေအထားပြင်လိုက်သည်။ ထိုစစ်သည်က သူရှိရာသို့တစ်လှမ်းချင်းလျှောက်လာရင်း အလွန်နီးကပ်လာသည့်အခါ တခြားသောစစ်သည်တစ်ဦးက အဝေးတစ်နေရာကနေ...

"ဘာလုပ်နေတာလဲ...ဒီဘက်ကို ခဏလာခဲ့ဦး မြန်မြန်..."

တစ်ဖက်က အလျင်လိုနေသည့်အသံကြောင့် ထိုစစ်သည် သည်လည်း ရှောင်းကျန့်ဆီသို့ဆက်မသွားတော့ဘဲ သူ့အပေါင်းအပါများဆီသို့ပြေးသွား​၏။ သို့သော်ရှောင်းကျန့်ရှိရာဘက်သို့ မသင်္ကာသည့် မျက်ဝန်းများဖြင့်ဆက်ကြည့်နေဆဲဖြစ်သည်။ထိုအရာကိုရိပ်စားမိသည့်ရှောင်းကျန့်က မြင်းပေါ်ချက်ချင်းတက်၍ သူနှင့်လူငယ်များအုပ်စု ဆုံမှတ်အဖြစ်သတ်မှတ်ထားသောနေရာသို့ အမြန်ရောက်လာခဲ့သည်။

သူ့ကို စောင့်နေကြသည့် လူငယ်များကိုတွေ့သည်အခါ...

"မင်းတို့ အရင်ပြန်နှင့်...ကိစ္စတစ်ခုရှိလို့ နောက်မှလိုက်ခဲ့မယ်..."

ပြောပြီးသည်နှင့် ရှောင်းကျန့်အချိန်မဆွဲဘဲမြင်းကိုထိုလူငယ်အုပ်စုနဲ့ဝေးရာသို့ခပ်သော့သော့နှင်ခဲ့သည်။ သူ့ကိုမသင်္ကာသည့်မျက်ဝန်းများနှင့် ကြည့်ခဲ့သည့် စစ်သည်များက သူ့အနောက်ကိုမလိုက်နိုင်ပါဘူးလို့အာမ မခံနိုင်။ အကယ်၍ သူ့နောက်ကိုလိုက်လာခဲ့သည်ရှိသော် သူနဲ့အတူတူရှိနေသည့် လူငယ်အုပ်စုကိုလည်းတစ်နည်းနည်းနဲ့ ထိခိုက်စေလာနိုင်သည်။

Bamboo ForestWhere stories live. Discover now