"နာရာ..."
မနက်ရောက်သည့်အခါအဆောင်တံခါးကို ဖွင့်လိုက်သည်နှင့် အပြင်ဘက်မှာ အခြွေအရံတချို့နဲ့မတ်တပ်ရပ်နေသည့်နာရာခန်ကိုရှောင်းကျန့်တွေ့လိုက်ရသည်။ ဘယ်အချိန်ကတည်းက မတ်တပ်ရပ်နေသည်မသိပေမယ့် နာရာခန်၏ပုံမှာချမ်းနေသယောင်ဖြစ်တာကြောင့် အဆောင်အတွင်းသို့ရှောင်းကျန့်ခေါ်လိုက်သည်။
"ထိုင်ပါ နာရာ..."
"ဘယ်သွားမလို့လဲဟင် ရှောင်းကျန့်..."
"ဗျူဟာမှူးတွေနဲ့ သွားတွေ့မလို့ပါ..."
"ဪ..."
"ဘာကိစ္စရှိလို့ရောက်လာတာလဲ နာရာ..."
"ဘာမှတော့မဟုတ်ပါဘူး ဒီတိုင်းပဲ..."
"ကျွန်တော့်ကိုပြောစရာရှိလို့လား..."
"ရှောင်းကျန့်နဲ့ဝမ်က နီးစပ်နေကြတာလားဟင်..."
ရုတ်ချည်းဆန်သည့် မေးခွန်းအဆုံးမှာ နာရာခန်၏ အသံမှာတိမ်ဝင်နေသလို ရှောင်းကျန့်ဘက်ကလည်း နှုတ်ဆိတ်လို့နေသည်။
"ဝမ့်ဘက်က ရှောင်းကျန့်အပေါ်ကို ခံစားချက်တွေရှိနေတယ်ဆိုတာ နာရာ သိထားတာကြာပါပြီ...ဒါပေမယ့် ရှောင်းကျန့်ဘက်ကရောဟင်...တကယ်လို့ရှောင်းကျန့်ဘက်ကလည်း ထပ်တူညီခံစားချက်တွေရှိနေမယ်ဆိုရင်လည်း နာရာ မျက်နှာပြောင်တိုက်ပြီးအကူအညီတစ်ခုတောင်းခံပါရစေ..."
နာရာခန် က ရှောင်းကျန့်၏လက်များကိုဖွဖွလေးဆုပ်ကိုင်ကာ လိုချင်တာတောင်းဆိုလိုသည့် ကလေးတစ်ယောက်၏ မျက်လုံးများနှင့်ကြည့်သည်။
"ရှောင်းကျန့်..."
နာရာခန်၏မျက်ဝန်းများကို ရှောင်းကျန့်ပြန်ကြည့်လိုက်သည့်အခါ...
"နာရာ့ကို ဝမ်နဲ့စကားတစ်ခါလောက်ပြောလို့ရအောင်လုပ်ပေးလို့ရမလားဟင်...နောက်ဆုံးတစ်ခေါက်အနေနဲ့တွေ့ခွင့်ရမယ်ဆိုရင် ဝမ်ပေးထားခဲ့ဖူးတဲ့ ဝါးဆံထိုးလေးကို ပြန်ပေးပြီး ခံစားချက်တွေကိုအပြီးအပိုင်ဖြတ်တောက်လိုက်ချင်လို့ပါ..."
"....."
"နာရာ့ကို ဝမ်က ပြန်တွေ့ကတည်းက အဖက်လည်းမလုပ်သလို နာရာ့စကားစပြောမယ်ကြံလိုက်တိုင်းလည်း သိသိသာသာကြီးကို ရှောင်ကွင်းသွားလို့ နာရာ့ဘက်ကစကားပြောဖို့အခွင့်မသာဘူး...ရှောင်းကျန့်ကူညီပေးရင်တော့ ဝမ်က စကားပြောခွင့်ပေးမယ်လို့ နာရာသိတယ်...အဲ့တာကြောင့် နာရာ့ကိုကူညီပါနော်...နာရာ အရှက်မရှိမှန်းသိပေမယ့် ရှောင်းကျန့်ကူညီပေးပါနော်..."
YOU ARE READING
Bamboo Forest
Fanfictionအာဃာတနဲ့မေတ္တာ၊ ဦးနှောက်နဲ့ နှလုံးသား။ တိုင်းပြည်နဲ့လူမျိုး ၊ တာဝန်နဲ့ဝတ္တရား။ ဘယ်ကိုဆက်လျှောက် လမ်းပျောက်နေတဲ့အခါ... ဤနေရာမှာခြေစုံရပ်လို့။ အနောက်သို့... တစ်လှမ်း...နှစ်လှမ်း...သုံးလှမ်း။ Cover Photo Crd: