အပိုင်း(၁၂) Zawgyi

107 16 3
                                    

ဝမ်ရိပေါ်ချန်ရစ်ခဲ့သည့်နေရာတွင်နာရာခန်မျက်နှာကိုယပ်တောင်လေးနဲ့ကွယ်၍ရပ်စောင့်နေသည်။လူရှင်းလူပြတ်သည့်နေရာဖြစ်သည့်အတွက်ကြောင့်သူ့တည်ရှိမှုကိုလူတွေသိပ်တော့သတိမမူမိကြ။

ကိုယ်ကိုယ်တိုင်ကဧကရီလောင်းလျာဖြစ်သည့်အ တွက်ကြောင့်ပျော့ညံ့သည့်သူမဟုတ်လင့်ကစားမိန်းမသားတစ်ယောက်ဖြစ်၍တချို့သောမူးယစ်သောက်စားထားသူများဖြတ်သွားကြလျှင်နည်းနည်းတော့ကြောက်စိတ်ဝင်မိတာဖြစ်သည်။

လောလောဆယ်တော့သူ့ကိုယ်သူထက် ဝမ့်ကိုပို၍စိတ်ပူမိသည်။သူကကိုယ်ခံပညာကိုအရမ်းကြီးမဟုတ်ရင်တောင်နည်းနည်းပါးပါးတတ်ကျွမ်းတာကြောင့်တစ်ခုခုဖြစ်လာရင်ကိုယ့်ကိုကိုယ်ကာကွယ်နိုင်သေးသည်။ဒါပေမယ့်ဝမ်ကတော့အဲ့လိုမဟုတ်။ကဗျာတွေစာတွေရေးတဲ့လက်ကမတော်၍ဓားကိုင်သည့်မသမာသူများနှင့်တွေ့မိလျှင်အဘယ်သို့ခုခံနိုင်မည်နည်း။

ရှောင်းကျန့်နောက်ကိုခေတ္တလိုက်သွားမည်ဟုပြောခဲ့သည့်ဝမ့်ကိုသူတားတော့တားခဲ့သေးသည်။ရှောင်းကျန့်ကသူ့ဟာသူကာကွယ်နိုင်ကြောင်းနားချခဲ့သေးသော်လည်းဝမ်ကသူ့စကားကိုနားမထောင်ခဲ့သလိုပင်။

ဝမ်နဲ့ရှောင်းကျန့်ရဲ့ဆက်ဆံရေးကအဲ့လောက်ကြီးကောင်းမွန်နေတာလည်းမဟုတ်ပေမယ့်ဝမ်ကစိတ်ထားကောင်းတာကြောင့်ဒီတိုင်းပဲစိတ်ပူလို့လိုက်သွားတာဖြစ်မည်။သို့သော်လည်းရှောင်းကျန့်နောက်ကိုစိတ်မချ၍လိုက်သွားသည်ဆိုလျှင်သူ့ကိုတော့စိတ်ချလက်ချနဲ့ထားခဲ့နိုင်တာဘာကြောင့်ရယ်မသိ။

အခုတော့သူ့စိတ်ထဲတွင် ဝမ်နှင့်ရှောင်းကျန့်မြန်မြန်တွေ့ကြပြီးပြန်လာဖို့ဆုတောင်းနေမိတာပင်။

နာရာခန်သူ့မျက်နှာလေးကို ယပ်တောင်နဲ့ကွယ်ထားပြီး မျက်လုံးတို့ကမူဝမ်ရိပေါ်ထွက်သွားသည့်ဘက်ကိုမျှော်လို့နေမိသည်။မျှော်နေရင်းပင်သူ့ဆီလျှောက်လာသည့်ရှောင်းကျန့်ကိုမြင်လိုက်ရတာကြောင့်သက်ပြင်းချလိုက်ပြီး ဝမ်ရိပေါ်ဆီသို့သွား၍...

"ဘာမှမဖြစ်ဘူးမလားဝမ်...ထိမိခိုက်မိတာရောမရှိဘူးမလား..."

"ကိုယ်ဘာမှမဖြစ်ပါဘူးဧကရီ..."

Bamboo ForestWhere stories live. Discover now