[AN: ဆာဆာရာ ဆိုတာ ဝါးရွက် လို့အဓိပ္ပာယ်ရပါတယ်။ နောက်ပိုင်း တစ်လှည့်စီသုံးနှုန်းရင် မသိမှာစိုးလို့ပါ။ ]
"ကျလိ...ကျလိ..."
နားထဲတိုးဝင်လာသည့် ငှက်တွန်မြည်သံများကခပ်သဲ့သဲ့။အနီးအနားတစ်နေရာတွင်တွန်ကျူးနေကြဟန်ရှိသည်။သို့သော်သိပ်မကြာခင်မှာပင် ခပ်တိုးတိုးခြောက်လှန့်လိုက်သည့်အသံတစ်ခုပေါ်ထွက်လာသည်နှင့်ငှက်တို့၏အော်မြည်သံများသည် ဝေးကွာလို့သွားကာပတ်ဝန်းကျင်သည်တိတ်ဆိတ်လို့သွားပြန်သည်။
လေသည်မည်သည့်အရှိန်နှုန်းဖြင့်တိုက်ခတ်နေသည်မသိ။ ထွက်ပေါ်လာသည့်ဝေါကနဲမြည်သံသည် ဝါးရုံပင်တွေကြားဖြတ်တိုက်လာသည့်အသွင်ဆောင်သည်။အေးစက်စက်လေတို့က ကြိုကြားတွေမှဝင်ရောက်လာကာခန္ဓာကိုယ်ထက်စိမ့်ကနဲခံစားမှုကိုဖြစ်ပေါ်စေ၏။
လေတိုက်သံတို့နှင့်အပြိုင်ထွက်ပေါ်နေသည့်အသံတစ်ခုလည်းရှိသေးသည်။ တစ်ချက် တစ်ချက်စာရွက်တွေကို လှန်လှောနေသည့်အသံများကိုလည်းကြားရသေး၏။ လေတိုက်သံကခပ်လှမ်းလှမ်းနေရာမှဖြစ်သည်ဆိုလျှင် စာရွက်တို့လှန်လှောသံသည် အနီးကပ်ဆုံးနေရာတွင် ရှိနေသကဲ့သို့ဖြစ်သည်။
ပတ်ဝန်းကျင်တွင်ဖြစ်ပျက်နေသည့်အရာအားလုံးကို ပြတ်ပြတ်သားသားကြားလို့နေရပေမယ့် မျက်လုံးတို့ကိုဖွင့်လို့မရ။ မျက်ခွံသည် အင်မတန်လေးပင်နေလွန်းလှ၏။ မာန်ကိုတင်းကာ အားယူ၍ဖွင့်ကြည့်သော်လည်းမအောင်မြင်။ ထိုအခါစိတ်ကိုလျော့လိုက်မိသည်။အသက်ကိုပုံမှန်ရှူသွင်း၏။ ဖြေလျော့လိုက်သောစိတ်တို့နှင့်အတူ မျက်ခွံသည်လည်းတဖြည်းဖြည်းပွင့်လို့လာသည်။
မျက်လုံးဖွင့်ဖွင့်ချင်း အမြင်အာရုံတို့က ခပ်ဝါးဝါးဖြစ်လို့နေပြီး ဝါးလုံးတွေဖြင့် စီရီဆောက်လုပ်ထားသည့် ခေါင်မိုးလိုအရာမျိုးကိုတွေ့ရသည်။ အကြည့်တို့ကိုတခြားနေရာရွေ့လိုက်သည့်အခါ နံရံတို့နှင့်ကပ်နေသော ဝါးစင် တို့ကိုတွေ့ပြီး ထိုစင်များပေါ်၌ စာအုပ်ပေါင်းမြောက်မြားစွာရှိနေတာဖြစ်သည်။ အမြင်တွေဝေဝါးနေသော်လည်း မျက်လုံးနဲ့တန်းတန်းရှိပုံသဏ္ဍာန်တွေကိုတော့အကြမ်းဖျင်းမြင်ရသည်။
YOU ARE READING
Bamboo Forest
Fanfictionအာဃာတနဲ့မေတ္တာ၊ ဦးနှောက်နဲ့ နှလုံးသား။ တိုင်းပြည်နဲ့လူမျိုး ၊ တာဝန်နဲ့ဝတ္တရား။ ဘယ်ကိုဆက်လျှောက် လမ်းပျောက်နေတဲ့အခါ... ဤနေရာမှာခြေစုံရပ်လို့။ အနောက်သို့... တစ်လှမ်း...နှစ်လှမ်း...သုံးလှမ်း။ Cover Photo Crd: