အပိုင်း (၄၁) Unicode

1.1K 147 15
                                    

ပြန်တွေ့ဖို့ မျှော်လင့်ချက် လုံးဝမရှိဖြစ်ခဲ့သည့် မိမိ​၏ သွေးသားက မိမိရှေ့မှာခြေစုံရပ်နေသည်ကို မြင်တွေ့လိုက်ရသည့်အခါ ရှောင်းဟာရုအနေနဲ့မည်သည့်စကားတစ်ခွန်းမှမဖွင့်ဟနိုင်အောင်ဖြစ်နေသည်။ထိုအစား ခေါင်းအစခြေအဆုံး စုန်ဆန်ချီကြည့်ရှုလို့နေမိ​တော့​၏။

နှင်လာခဲ့ရသော ခရီးကကြမ်းတယ်ထင်သည်။ ဦးခေါင်းထက်မှစ၍ အင်္ကျီပုခုံးသားတို့ထက် နှင်းမှုန်နှင်းစက်တွေက စွဲထင်နေလျက်ရှိသည်။ နီရဲနေသော ပါးပြင်နှင့်နားရွက်ဖျား၊ ဖြူဖျော့နေသည့် လက်ဖျားတို့သည် ကြားထဲတစ်ချက်မနားဘဲ အေးခဲနေသည့် ရာသီဥတုကို အံတု၍ ခရီးနှင်လာခဲ့ပုံရသည်။

မျက်သားများဟာ နီရဲနေသော်လည်း အကြည့်တွေက စူးရဲနေသည်။ခြောက်သွေ့ကွဲအက်စပြုနေသောနှုတ်ခမ်းများက အားနည်းနေသော လက္ခဏာကို ဖော်ပြနေလင့်ကစား အနားသတ်တွေညီညာနေသောမေးရိုးတို့က မာကြောပြတ်သားလှသည့် စိတ်ဓာတ်တို့​၏သက်သေပင်ဖြစ်သည်။

ရှောင်းဟာရု ရှေ့ကို ခြေတစ်လှမ်းတိုး၍ သူ​၏ သွေးသားရှောင်းကျန့် ကို သိုင်းဖက်ဖို့ပြင်လိုက်ပြီးမှ ရပ်တန့်လိုက်ပြီး သူ့ကိုယ်ပေါ်ထက်မှာရှိနေသည့် အပေါ်ရုံအနွေးထည်လွှာကို ချွတ်ကာ ရှောင်းကျန့်​၏ ကိုယ်ပေါ်သို့ လွှမ်းခြုံပေးလိုက်သည်။ပြီးနောက် ရှောင်းကျန့်​၏ပုခုံးများကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်၍...

"အရင်ဆုံးသွားနားတော့..."

အိမ်တော်အတွင်းပိုင်းသို့ ဝင်သွားသည့် ရှောင်းကျန့်ကို ရှောင်းဟာရုမျက်စိတစ်ဆုံးကြည့်လိုက်ပြီး ပင့်သက်ရှည်တစ်ခုရှိုက်လိုက်သည်။

နောက်ဆုံးတော့ပြန်တွေ့ခဲ့ပြီ။ သူ့ရဲ့တစ်ဦးတည်းသော သွေးသားကို သူ့မျက်စိရှေ့တွင်ပြန်တွေ့ခဲ့ရပြီမို့ လောလောဆယ်တော့ သူစိတ်အေးနိုင်ပြီဖြစ်သည်။

မနက်ခင်း မြူခိုးတွေ မပြယ်သေးခင်ချိန်ခါမှာပင် အိမ်တော်ဝန်း​၏ တံခါးသော့ခလောက်ကို ခပ်ပြင်းပြင်းလာခေါက်သံသည် အိမ်မကြီးအထိပြန့်လွင့်ခဲ့တာဖြစ်သည်။ အိမ်မကြီး၌ ရေနွေးကြမ်းထိုင်သောက်နေခဲ့သည့် သူ့အစား လက်အောက်ငယ်သားဆာမူရိုင်းတစ်ယောက်သည် ထိုတံခါးကိုဖွင့်ပေးခဲ့သည်။

Bamboo ForestWhere stories live. Discover now