အပိုင်း(၅၂) Unicode

1.4K 186 52
                                    

"နိုးပြီလား..."

အိပ်ရာနိုးလာပြီဖြစ်သည့် ဝမ်ရိပေါ်က ဘေးတစ်စောင်းအနေအထားလှဲနေလျက်ပင် မျက်လုံးများကိုဖွင့်ကြည့်လိုက်သည်။

ဒီနေ့နဲ့ဆို ငါးရက်တိတိ။

တူညီသောအပြုအမူ တူညီသောမျက်နှာထားနှင့် ကုတင်စောင်းပေါ်လက်ထောက် မေးတင်ပြီး သူ့မျက်နှာကို စိုက်ကြည့်နေတတ်သည့် မျက်တောင်စိပ်စိပ်များခြံရံထားသော မျက်ဝန်းကြည်တောက်တောက်တစ်စုံ။

ပြန်ပါဆိုပြီး အထပ်ထပ်ပြောတဲ့သူ့စကားတွေကိုမကြားချင်ယောင်ဆောင်ထားတဲ့ နီထွေးထွေးနားရွက်ဖျားတွေ။ "ဘယ်လောက်နှင်နှင်ငါမပြန်ဘူး"ဟုခေါင်းမာခြင်းတွေအတိုင်းသားထင်ဟပ်နေတဲ့ချောချောမွေ့မွေ့ပါးပြင်တင်းတင်းတွေနဲ့ စကားတစ်ခွန်းဆိုလိုက်တိုင်း လှုပ်ခတ်သွားတဲ့ နှုတ်ခမ်းလွှာတွေ။

ဒီလိုမနက်တိုင်း မျက်ဝန်းသွယ်တွေကိုဝိုင်းစက်ပြီး လာ လာစိုက်ကြည့်တတ်သည့်လူက ချစ်ဖို့ကောင်းတယ်လို့များထင်နေလားမသိ။သူ့ခံစားချက်တွေကို ခုတုံးလုပ်ခဲ့ပုံတွေ၊ သူ့စေတနာတွေကိုလျစ်လျူရှုပြောစကားနားမထောင်ခဲ့ပုံတွေပြန်တွေးမိတော့ ခေါင်းမာခဲ့လွန်းသည့်ထိုသူက ဖြတ်ရိုက်ပစ်ဖို့သာသင့်သည်။

သို့သော်တစ်ခုတော့ရှိ​၏။ ကျန်တာတွေကိုသာ နားမထောင်တဲ့လူက အိပ်ရာပေါ်တက်မလာနဲ့ဆိုသည့်စကားတစ်ခွန်းကိုတော့သေအောင်နားထောင်သည်။ နည်းနည်းလေးတောင် ကလန်ကဆန်လုပ်ပြီး ကြိုးစားကြည့်မယ်မရှိ။

ဝမ်ရိပေါ် အတွေးစများကို ဖြတ်လိုက်ပြီး သူ့ကိုစိုက်ကြည့်နေသူ​၏ နဖူးပြင်ကို လက်ညိုးနဲ့ နီရဲတွတ်သွားအောင်တောက်လိုက်သည်။

"နာတယ်..."

"နာတော့ ဘာလုပ်ပေးရမှာလဲ..."

"ဘာမှမလုပ်ပေးရပါဘူး..."

ရှောင်းကျန့်သူ့နဖူးကိုလက်နဲ့အသာပွတ်လိုက်ကာ သူ့ဝတ်ရုံထဲမှာဖွက်ထားသည့် တစ်စုံတစ်ရာကို ထုတ်၍ ဘေးစောင်းလှဲနေသည့် ဝမ်ရိပေါ်​၏ မျက်စိရှေ့တွင်ချပေးလိုက်သည်။

"ယူမလား..."

ဘာမှန်းမသဲကွဲသည့်အရာကြောင့် ဝမ်ရိပေါ် မျက်မှောင်ကျုံ့လိုက်ပြီး...

Bamboo ForestWhere stories live. Discover now