အပိုင်း(၄) Unicode

1.1K 134 15
                                    

"အားလုံးတိတ်ကြတော့..."

ညီလာခံခန်းမအတွင်းမှ တစ်ယောက်တစ်ပေါက်ပြောဆိုသံများသည် ဧကရာဇ် ဆူရာခန်​၏ ဟန့်တားမှုအောက်တွင် တိတ်ဆိတ်လို့သွားရသည်။

မင်းသမီးနာရာခန် လုပ်ကြံခံရမှုနှင့်ပတ်သက်၍ ညီလာခံလုပ်နေတာဖြစ်ပြီး ဖြစ်နိုင်ချေရှိသည့်အဖွဲ့အစည်းများအကြောင်းပြောဆိုနေကြရင်း တစ်စထက်တစ်စဆူညံလာကာ ငြင်းခုံနေကြသည့် အဆင့်သို့ရောက်ရှိလာခြင်းဖြစ်သည်။

"ရှောင်း အကြီးအကဲအနေနဲ့ရော ဘယ်လိုမြင်လဲ..."

ဆူရာခန်က နန်းတွင်းမှ မူးကြီးမတ်ရာများကို ကျော်လွန်၍ သူအားထားရဆုံးဖြစ်သည့် ရှောင်းဟာရုဘက်သို့လှည့်၍မေးလိုက်သည်။ ရှောင်းဟာရုကလည်း ငြိမ်သက်စွာတွေးတောနေရာမှ...

"မင်းသမီးကို လုပ်ကြံတယ်ဆိုကတည်းက အင်ပါယာကြီးကို ပြိုကွဲအောင်လုပ်ဖို့ ကြံရွယ်နေတယ်ဆိုတဲ့သဘောပါ...ရိုးရိုးသာမန်လုပ်ကြံတာထက် ရည်ရွယ်ချက်ရှိရှိနဲ့ကို လုပ်ဆောင်ခြင်းသဘောမျိုးပါ..."

ရှောင်းဟာရု​၏စကားကို ဆူရာခန်က ခေါင်းတညိတ်ညိတ်လုပ်၍နားထောင်နေသည်။ ရှောင်းဟာရုကဆက်ပြီး...

"ကိုယ်ရံတော် ခေါင်းဆောင် ရှောင်းကျန့် ပြောဆိုချက်အရ တစ်ဖက်က လူတွေက တိုက်ခိုက်စွမ်းရည်မြင့်မားပြီး နန်းတွင်းစစ်သည်သူရဲကောင်းတွေနီးနီးသို့မဟုတ် ပို၍သာလွန်တဲ့ စွမ်းရည်တွေရှိနေပါတယ်...အဲ့ဒီတော့ ကျွန်တော်တို့ စဉ်းစားရမှာ တစ်ခုပဲရှိပါတယ်...နန်းတွင်းထဲကစစ်သည်တွေထက် တိုက်ခိုက်စွမ်းရည်မြင့်မားချေရှိတာဘယ်သူတွေလဲ..."

"ခန်အင်ပါယာကြီးမှာ နန်းတွင်းစစ်သည်တွေကို ကျော်လွန်နိုင်တာ ဆာမူရိုင်းတွေပဲရှိတယ်..."

ဆူရာခန်​၏ စကားကို ရှောင်းဟာရုခေါင်းညိတ်ပြလိုက်ပြီးနောက်...

"ပြီးတော့ရော..."

ရှောင်းဟာရု​၏အမေးကို ဆူရာခန်စဉ်းစားလို့နေပြီးမှ မျက်နှာထက်တွင် တုန်လှုပ်မှုများဖြတ်ပြေးသွားကာ ရှောင်းဟာရုကို အဓိပ္ပာယ်ပါပါကြည့်လိုက်ပြီးနောက် ညီလာခံခန်းမအတွင်းမှ လူများအားလုံးကို အပြင်ထွက်သွားဖို့ အမိန့်ပေးလိုက်​၏။ နှစ်ယောက်တည်းကျန်ခဲ့သည့် အခါမှ ဆူရာခန်က အရှေ့ကလက်ဖက်ရည်ကိုမော့လိုက်ပြီး...

Bamboo ForestWhere stories live. Discover now