Arc.10.3
1.1K 176 2
မုကျားတွင် နဂိုက ပိုင်လင်အား အားနာစိတ်လေးရှိသော်လည်း သူမအား တားလာသည့် အချိန်တွင် စိတ်ကသိကအောက်ဖြစ်သွားတော့သည် ။ သူမ အလျင်လိုနေတယ်လေ ။ သူမသာ အချိန်အနည်းငယ် နောက်ကျသွားခဲ့ရင် ယုယွီက တစ်ခုခုဖြစ်သွားနိုင်တယ် ။
" လူမှားသွားတဲ့အတွက်တောင်းပန်ပါတယ် .. အခု အရမ်းရေးကြီးတဲ့ကိစ္စလေးရှိလို့ပါ " မုကျား၏ တောင်းပန်စကားသည် အတော်လေး ပြီးစလွယ်ဖြစ်နေသည်။  သူမသည် ပြောပြီးသည်နှင့် ပိုင်လင်၏ လက်အား ရိုက်ထုတ်ကာ ထွက်သွားရန်ပြင်လိုက်သည် ။ သို့သော် အချိန်ကိုက် ရောက်လာသော လုံခြုံရေးများ၏ တားဆီးခြင်းကို ခံလိုက်ရသည် ။
" လုံခြုံရေးခလုတ်ကို နှိပ်လိုက်လို့ .. တစ်ခုခုများဖြစ်လို့လား " သက်လတ်ပိုင်း လူကြီးက ပိုင်လင် အား ကြည့်ကာ မေးလိုက်သည်။  ပိုင်လင်သည် အသံတိတ်ခေါင်းညိတ်လိုက်ပြီးနောက် မုကျားအား လက်ညိုးထိုးလိုက်သည် ။
" သူမကို ကိုယ်ထိလက်ရောက်ကျုးလွန်မှုနဲ့ သက်ဆိုင်ရာကို ပို့ပေးပါ "
မုကျား ၏ မျက်ဝန်းများပြူးကျယ်သွားသည် ။ သူမ လုပ်မိတာက လူမှားပြီး ပါးရိုက်မိရုံလေးသာ ။ ဒီလူက အပိုတွေလုပ်လွန်းနေတာမဟုတ်ဘူးလား ။
" ဒီမှာ .. ကျွန်မ ရှင့်ကို တောင်းပန်ပြီးပြီလေ .. ဘာလို့ ရေးကြီးခွင်ကျယ်တွေ လုပ်ချင်နေရတာလဲ ... " မုကျားက သူမအား ဆွဲကိုင်လာသည့် လက်ကို ရှောင်ဖယ်ရိုက်ထုတ်လိုက်ကာ မေးကို အနည်းငယ် မော့လိုက်ကာ " ကျွန်မကို ထိရဲရင် ရှင်တို့ မနက်ဖြန်ကစပြီး လူ့အသိုင်းအဝိုင်းမှာ မနေနိုင်တော့အောင် လုပ်ပစ်မယ် "
ပြီးတာနဲ့ မုကျားမုံ့ လိပ်စာကဒ်တစ်ခုကို ပိုင်လင်ထံ ပစ်ပေါက်လိုက်သည် ။ " ရှင်း‌လော် ဖျော်ဖြေရေး လုပ်ငန်းကို သိတယ်မလား .. ကျွန်မက အဲ့က မန်နေဂျာဘဲ .. "
မုကျားမုံ့ ထိုသို့ ပြောလိုက်သည်နှင့် အစောင့်များ လက်တွန့်သွားတော့သည် ။ ဒီလို သတင်းတစ်ခုကြောင့် လွယ်လွယ်ပျက်လွယ်စီးလွယ်တဲ့ ခေတ်ကြီးမှာ သူတို့ ဖျော်ဖြေရေးလုပ်ငန်းက လူတစ်ယောက်ကို မထိချင်ဘူး ။ အဲ့ဒါက နာမည်အကြီးဆုံး ဖျော်ဖြေရေးလုပ်ငန်းက လူဖြစ်နေတဲ့အခါ ပိုလို့တောင် ဆန္ဒမရှိကြတော့ဘူး ။