Arc.10.17
1.2K 207 11
ရှောင်ယုယွီသည် သူမအလုပ်နှင့် ပိုင်အိမ်တော်တွင် ကူးခတ်နေပြီး ကုကျင်းဟန်သည်လည်း ကုကော်ပိုရေးရှင်းကို စီမံခန့်ခွဲနေသည် ။ သူတို့နှစ်ယောက်လုံးက အလွန်အလုပ်ကြိုးစားနေပြီး အလုပ်ပြီး ပြန်လာလျှင် တွေ့ နိုင်ကြသည် ။
နှစ်ယောက်လုံးအဆင်ပြေနေသည်။
တကယ်လို့ ပိုင်လင်နဲ့ ရှီးယွမ်သာ မရှိရင် ပိုအဆင်ပြေမှာ ။
" ဟုတ်ပြီ .. နည်းနည်းလောက် ထပ်လျှောက်လိုက်ဦး .. တကယ်လို့ ပင်ပန်းနေရင် ကိုယ့်အပေါ်လဲချလိုက်လို့ရတယ် "
အားကိုးလို့ရတယ်ဆိုသည့်အမှုအရာနဲ့ ပုခုံးကို ဂုဏ်ယူစွာပုတ်ပြနေသည့် ပိုင်လင်က ကုကျင်းဟန်သိတဲ့ ခံစားချက်ကင်းမဲ့တဲ့ ပိုင်လင် နဲ့ လားလားမျှ မတူသလို ရှောင်ယုယွီမြင်ခဲ့ဖူးတဲ့ ဉာဏ်များတဲ့ ဝံပုလွေလည်း မဟုတ်ပါချေ ။
ဒီလူက ဒီတိုင်း သာမန်ချစ်သူစုံတွဲက ကောင်လေးတစ်ယောက်လိုဘဲ ။
မသိလိုက်မသိဖာသာ အကြောင်းပြချက်အမျိုးမျိုးနဲ့ ကုကျင်းဟန်ရော ရှောင်ယုယွီရောက ပိုင်လင်ကို စောင့်ကြည့်မိကြသည် ။ သူတို့က ဒီလူကို မုန်းတီးသလို အသုံးချချင်ကြသည် ။
ရှီးယွမ်သည် ဖြတ်လျှောက်သွားသည့်နှစ်ယောက်အား မှေးကျဉ်းစွာ ကြည့်လိုက်ပြီး ခေါင်းကို ငုံ့လိုက်သည် ။ " တကယ်ဘဲ .. လစ်လျုရှုလို့ အဆင်ပြေရဲ့လား "
သူက အပြစ်ရှိသည့်မျက်ဝန်းများဖြင့် သူ့အားတွဲထားသည့် ပိုင်လင်ကို မော့ကြည့်လိုက်သည် ။ " ငါအခု တော်တော်လေး အဆင်ပြေနေပါပြီ .. ငါ့ဆီမှာဘဲ တချိန်လုံး ရှိစရာမလိုဘူးလေ "
ပိုင်လင် ရှီးယွမ်ရဲ့ နဖူးလေးကို လက်ထိလေးနဲ့ ဖိလိုက်ပြီး ဖွဖွလေးပြုံးလိုက်တယ် ။ " မ.. ရ.. ဘူး "
" ဒါပေမဲ့ .. " ရှီးယွမ် ပိုင်လင်ကို ခပ်တင်းတင်းဆုပ်မိလိုက်သည် ။ သူ့ချစ်သူမှာ အလွန်အရေးကြီးတဲ့ လုပ်စရာရှိတယ်ဆိုတာ သူက သတိပြုမိပြီးသား ။ သူ့ရဲ့ အားနည်းမှုကြောင့် မကူညီနိုင်ပေမဲ့ သူက ဆွဲထားမိလို့ မဖြစ်ဘူးလေ ။
" ဘာ ဒါပေမဲ့ မှ မရှိဘူး " ပိုင်လင် လေးနက်စွာ ရေရွတ်လိုက်ပြီး ရှီးယွမ်အား ကောက်ပွေ့ လိုက်သည် ။