Arc.11.23
629 121 16
" မင်းပြောတော့ နတ်ကွန်းကို ပြန်စလိုက်တာနဲ့ အဲ့ဒီလူက ပေါ်လာမှာဆို .. ဘယ်မှာလဲ ! လူရော ?? "
ချုးယွီ လီကျန်း၏ အမေးကြောင့် ‌ကြောက်ရွံ့ စွာဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုပ်လိုက်ပေမဲ့ လီကျန်း ခြေလှမ်းလိုက်တာနဲ့ သူ့နားကို ချက်ချင်း ရောက်လာကာ လည်ပင်းကို ဆုပ်ကိုင်ခံလိုက်ရသည် ။
ဟုတ်တယ် .. ဒီလိုလူမဆန်တဲ့အမြန်နှုန်းက လူတစ်ယောက်မှာ မရှိသင့်ဘူး... သောက်ကျိုးနည်းဘဲ ..
" ငါတို့စောင့်နေတဲ့ ဝိညာဉ်က အရင်နတ်ကွန်းကို ပျက်စီးစေတဲ့ တရားခံဘဲ .. ဘယ်လိုလုပ် လွယ်မှာလဲ .. ။ ဒါပေမဲ့ ရှာတွေ့ တာနဲ့ မင်း ကောင်မလေးကို ကယ်လို့ရပြီ "
လီကျန်း လက်ကို မလွတ်သေးပေ ။ ယခင်က ချုးယွီက လူရှာဖို့လိုတယ်လို့ပြောပေမဲ့ အကြောင်းအရင်းကို ဖုံးကွယ်ထားသည် ။ အခု သူက ထုတ်ပြောဖို့ ဆန္ဒရှိပြီဆိုမှတော့ နည်းနည်းလောက် ထပ်ပြောသင့်တာပေါ့ ။
ပိုတင်းကြပ်လာသည့် လက်ကြောင့် ချုးယွီ သူ့လည်တိုင်ကျိုးကျတော့မလို ခံစားရသည် ။
ဒီခွေးကောင် ....
" နတ်ကွန်းမပျက်စီးခင်က အဲ့မှာ လူဖြစ်ဖို့ကြိုးစားနေတဲ့ ဝိညာဉ်တစ်ကောင်ရှိတယ် .. မင်းဆီမှာရှိနေတဲ့ စွမ်းအင်အရင်းအမြစ်က အဲ့ဆီကနေ ငါယူခဲ့တာ .. တစ်ယောက်ယောက်က အဲ့လူကို သတ်သွားခဲ့ရင် အဲ့လူမှာရှိနေတဲ့ စွမ်းအင်ကို ရသွားမှာဘဲ .. အဲ့ဒါကို ရလို့ မင်းဆီမှာအခုရှိနေတဲ့ စွမ်းအင်နဲ့ ပေါင်းလိုက်ရင် စုမုန့်ကို ကယ်ဖို့က လွယ်ကူသွားမှာ .."
ချုးယွီ ထိုအထိပြောပြီးတာနဲ့ တိတ်တိတ်လေးနေလိုက်ပြီး ဘာမှဆက်မပြောတော့ပေ ။ လီကျန်းသည် စွမ်းအင်အရင်းအမြစ်ရပြီးနောက်ပိုင်း အလွန်အင်အားကြီးလာသည် ။ မသိရင် ဒီစွမ်းအင်တွေက မူလကတည်းက သူပိုင်ဆိုင်သင့်သလိုမျိုး ။ ဒါ့ကြောင့် လီကျန်းကို သူ ရင်မဆိုင်နိုင်ချေ ။
လီကျန်း ချုးယွီကို စေ့စေ့ကြည့်လိုက်ပြီး လွတ်ပေးလိုက်ကာ " အခုချက်ချင်း သွားရှာတော့ "
' ဟမ့် .. အဲ့ဒီ ဝိညာဉ်ကို သုတ်သင်လိုက်တဲ့လူကရော လွယ်ကူမယ်လို့ ထင်နေတာလား .. ဒီကမ္ဘာကြီးမှာ မင်းမသိတာတွေ အများကြီး .. ' ချုးယွီ နူတ်ခမ်းကို မဲ့လိုက်သည်။ သူ အဲ့လူကို သစ္စာဖောက်ခဲ့တုန်းကတောင် အခွင့်ကောင်းကိုရခဲ့ပေမဲ့ မဖျက်ဆီးနိုင်ခဲ့ပေ ။ သူသိသလောက်ဆို .. ဘာတဲ့ စနစ်က တာဝန်ပေးအပ်ခံရသူလား ဘာလား .. အဲ့ဟာတွေကသာ ဖျက်ဆီးနိုင်မည်တဲ့လေ ။