Arc.12.23
347 79 6
ချင်းရှီရှို့ ခြေထောက်အား မြောက်လိုက်ပြီး လူသန်ကြီး မထနိုင်ခင်ပင် သူ့လက်တစ်ဖက်က သေနတ်အား လျင်မြန်စွာ ထုတ်ယူလိုက်ပြီး ဦးခေါင်းအား ချိန်ရွယ်လိုက်လေသည်။ သူက ဖြည်းဖြည်းချင်း ထိုင်ချလိုက်ပြီး သေနတ်ဖြင့် ထောက်ထားရင်းနဲ့ပင် သေနတ်ကိုင်ထားသည့် ကျန်လူများအား အေးအေးဆေးဆေးမော့ကြည့်လို့လာသည် ။
" မင်းတို့ တိုက်ချင်သေးတာလား ? "
မည်သည့်အေးစက်မှုမှ မပါဝင်သော သာမန်စကားလုံးလေးပေမဲ့ လူသန်ကြီး၏ အဖွဲ့မှာ ခုနက 'စကားနားမထောင်ရင် အပြစ်ပေးခံရမည် ' ဟူသော စကားအား ပြန်လည်အောက်မေ့ကာဖြင့် လက်တွေကို ချက်ချင်းချလိုက်တော့သည် ။ အနည်းငယ်နောက်ကျရင်တောင် အပြစ်ပေးခံရမည်ကို စိုးရွံ့ နေသည်နှယ် ။ လူသန်ကြီး၏ အင်အားနဲ့ သူတို့လောက် မည်သူမှ မရင်းနှီးချေ ။ ထိုသို့သော လူသန်ကြီးအား တစ်ချက်တည်းဖြင့် အမောက်သိပ်နိုင်သူမှာ သွားမစသင့်သော သူဖြစ်သည်။
ပြီးတော့ သူတို့သည် ရှင်းလင်းပြီးနယ်မြေများတွင်သာ အာကျယ်ရဲသည့် ပစ္စည်းစုဆောင်းသည့်အဖွဲ့‌လေးသာဖြစ်သည် ။ တကယ့်လုပ်နိုင်စွမ်းရှိသူမှာ လူသန်ကြီးတစ်ယောက်တည်းသာ ဖြစ်၍ ကျန်လူများမှာ ဘာမှမဟုတ်ပေ ။
" မင်းတို့က ဒီကခံတပ်ကလား ! " ချင်းရှီရှို့ မေးလိုက်သည်။
" ဟုတ်ပါတယ်.. ဟုတ်ပါတယ် .. ကျွန်တော်တို့က ဒီနယ်မြေကိုရှင်းလင်းဖို့ တာဝန်ယူထားရတာပါ " ပြောလိုက်သူမှာ လူသန်ကြီး၏ လက်ထောက်ဖြစ်ပြီး ဤလူငယ်အား သူတို့ကို ရန်မစသင့်ကြောင်း သတိပေးချင်ပေမဲ့ တဖက်လူက ဂရုစိုက်ပုံမပေါ်ချေ ။
ချင်းရှီရှို့  အဆက်မပြတ်ခေါင်းငြိမ့်ပြနေသော သူများအား ကျေနပ်စွာ ကြည့်ပြီးမှ " ကောင်းတယ် .. " ဟု ပြောလိုက်ကာ ချန်မင်ထံလှည့်ကာဖြင့် " သူတို့ကို ပစ္စည်းသယ်ဖို့ ခေါ်သွားလိုက် " ဟု အမိန့်ပေးလိုက်သည် ။
ပစ္စည်းသယ်နေချိန်တွင် ချိုးရှင်းဟယ်မှာ ဘေးတွင်ရပ်လျက် သေနတ်တစ်လက်ဖြင့် လူရမ်းကား‌လေးလုပ်နေသည့် ချင်းရှီရှို့အား မြတ်နိုးစွာ ကြည့်နေလိုက်သည် ။