Arc.11.19
698 128 41
ကြောက်မက်ဖွယ်ရာကိစ္စများ စတင်ခဲ့သည့်နေသည် ကျောင်းသား အားလုံး ဖျော်ဖြေရေးခန်းမအား သန့်ရှင်းရေး သွားလုပ်ချိန်တွင် စတင်ခဲ့သည် ။ အတန်းတစ်ခုလုံး စိတ်နဲ့ကိုယ်မကပ်တာကြောင့် သူတို့က အလွဲလွဲအချော်ချော်ဖြစ်နေပြီး မိုးချုပ်သွားခဲ့သည် ။
ခန်းမထဲတွင် ခုံများတိုက်မိသည့်အသံ အဝတ်များဖုန်ခါနေသည့်အသံနှင့် တူရိယာကြိုးများ ထိမိသံကို မကြာမကြာကြားနေရပေမဲ့ စကားသံ တစ်ခုမှ မကြားရဘဲ တိတ်ဆိတ်နေသည် ။ သူတို့က ကိုယ်ပိုင်အလုပ်ကို အမြန်ပြီးစီးပြီး ထွက်သွားချင်နေကြသည် ။
ဒင်!.. ဒေါင်!
မညီညာသည့် စန္ဒရားခလုတ်သံက လိုက်ကာနောက်မှ ရုတ်တရက် ကျယ်လောင်စွာ ထွက်လာလေသည် ။ ကျောင်းသားများအားလုံး၏ လှုပ်ရှားမှုတွေက တပြိုင်နက်ရပ်တန့်သွား၏ ။
ခန်းမသည် အပ်ကျသံကို ကြားရလောက်အောင်ပင် တိတ်ဆိတ်နေသည် ။ သူတို့ အချင်းချင်း ကြည့်မိလိုက်ပေမဲ့ သူတို့မျက်လုံးတွေက ဂနာမငြိမ်ဖြစ်နေကြသည် ။ ကျောင်းသားခေါင်းဆောင်မှာ အငြိမ်နေလို့မရသဖြင့် ရှေ့ထွက်လာခဲ့ပြီး
" အထဲမှာ .. ဘယ်သူလဲ ? " တံခါးကို ဖွင့်ဖို့ ကြိုးစားသော်လည်း အထဲမှ လော့ချထားပြီး သူတို့တွင် သော့လည်း မရှိချေ ။
သူက ကျောင်းသားတွေကို ပတ်ကြည့်လိုက်ရင်း " တူရိယာတွေကို သန့်ရှင်းရေးလုပ်ဖို့ ဘယ်သူတာဝန်ကျတာလဲ "
ကျောင်းသူလေးတစ်ယောက်က လက်လေးကို မြောက်ကာ တိုးညင်းသော အသံဖြင့် ပြောလာ၏ ။
" ခုဏက စူးစူးတို့ ဝင်သွားတာ တွေ့ လိုက်တယ် "
ကျောင်းသားခေါင်းဆောင်က တံခါးအား တဒုန်းဒုန်းထုရင်း " ဝမ်စူးစူး !! တံခါးဖွင့်ဦး ! နင်တို့ အဆင်ပြေရဲ့လား .. အထဲမှာ ဘာတြွေဖစ်နေတာလဲ ..  "
အခန်းမှ ပြန်ဖြေသံမရှိ တိတ်ဆိတ်နေဆဲ ။ သူတို့က ပစ္စည်းတစ်ခု ပြုတ်ကျသံကို ကြားလိုက်ရသလိုရှိပေမဲ့ .. အသံက တိုးညင်းလွန်းတာမို့ ဟုတ်လား မဟုတ်လား မသေချာပေ ။
ဘုတ်!! ဒုန်း!! ဒုန်း!!
ကျောင်းသူတစ်ယောက်သည် ဖင်ထိုင်လျက် လှဲကျသွားခဲ့ပြီး နောက်မှ ထောင်ထားသော ခုံများကို တိုက်မိလိုက်တာကြောင့် ခုံများ ပြုတ်ကျသံက ခန်းမအတွင်း ဆူညံသွားသည် ။