Arc.13.3
286 73 24
" ကိုကို ? "
တဖက်လူမှ ရင်းနှီးသော အသုံးအနှုန်းသုံးလာချိန် ရွမ်းရီသည် ရုတ်တရက်ပင် မပျော်မရွင်ဖြစ်သွားခဲ့သော်လည်း သူ့အတွေးများကို မျက်နှာတွင်မပေါ်စေရန် ထိန်းထားခဲ့ပြီးနောက်
" မင်းက .. ငါ့ရဲ့ ညီလား ? "
ရွမ်းရီသည် အံကြိတ်ထားသည့်အသံအား မသိသာစေရန် အတတ်နိုင်ဆုံးထိန်းထားသော်လည်း သူ့အသံက မဆိုသလောက်လေး အေးခဲနေခဲ့၏ ။ သူ့စိတ်ထဲတွင် တဖက်လူမှ ' ဟုတ်ကဲ့ ' လို့ ပြန်ဖြေ‌ဖို့ မျှော်လင့်နေခဲ့ပြီး သူအကြောက်ဆုံး အဖြစ်အပျက်တစ်ခု ဖြစ်မလာစေဖို့ ‌အထပ်ထပ်ဆုတောင်းနေမိခဲ့ပါသည် ။
အေးစက်မှုကို ခံစားမိသော ရှန်းယွင်သည်လည်း ထပ်တူ အံကြိတ်မိခဲ့ပြီးမှ ပျော်ရွင်သည့်ပုံစံပေါ်အောင် အတင်းလုပ်ယူလိုက်ရကာ
" ဟုတ်တယ်လေ ... ကိုကို ကျွန်တော့်ကို မှတ်မိလား ? "
ရွမ်းရီ၏ ခံစားချက်မှာ ပိုမိုကောင်းမွန်သွားခဲ့ပြီး ဖွဖွလေးပြုံးလိုက်သည် ။ ရှန်းမော့ယင်း၏ မျက်နှာသေဖြင့် ပြောင်ချော်ချော်လုပ်တတ်သော အကျင့်အား တွေးမိလိုက်ရင်းဖြင့် နူတ်ခမ်းတောင့်စွန်းမှာ သိသိသာသာမြင့်တက်သွားခဲ့ကာ
" မှန်းကြည့်တာလေ .. " 
ခဏကြာစကားပြောခဲ့ပြီးနောက် ရှန်းယွင်သည် ရွမ်းရီထံမှ မသင်္ကာစရာအချက်အား ရှာမရခဲ့ချေ ။ ဘာမှမမှတ်မိနေတာကလွဲလို့ အမှုအကျင့် များက အပြစ်ပြောစရာမရှိ ။ တစ်ခုခုမှားနေသည်ဟု ခံစားနေရသော နှလုံးသားလေးအား ဖိနှိပ်လိုက်ရင်းဖြင့် တဖက်လူ၏ မေးခွန်းတချို့ကို သေချာလေးဖြေပေးနေခဲ့သည် ။
' ကိုကိုက ငါ့ကို စကားပြောချင်စိတ်ရှိတာ အရမ်းကောင်းတယ် '
ရွမ်းရီသည် တဖက်လူ၏ စကားများအား လုံးဝမယုံကြည်သည်တိုင် မှင်သေသေမျက်နှာဖြင့်သာ သေချာ နားထောင်နေခဲ့ပြီး လက်ခံနေပုံရသည့်ဟန် ‌တစ်ချက်တစ်ချက်ခေါင်းညိတ်ပေး‌နေ၏ ။ ပြောစကားအရ သူသည် ဓာတ်ပေါင်းမှုတစ်ခုတွင် ထိခိုက်ခဲ့ပြီးနောက် ကုသရန်အတွက် ဤနေရာတွင်ရှိနေခဲ့ရပြီး သူ ထိခိုက်သွားခဲ့ခြင်းကြောင့် ဦးနှောက်လှိုင်းများနဲ့ ဆက်သွယ်ထားသော network များသည် ဖရိုဖရဲဖြစ်သွားကာ ကမ္ဘာကြီးမှာလည်း အန္တရယ်အတွင်း ကျရောက်ခဲ့ရကာ ဇာ့ဂ်များ၏ အကူအညီသာ မရှိလျှင် ကမ္ဘာကြီးကို အာကာသထဲရှိ အင်ပါယာတချို့က သိမ်းပိုက်သွားသည်မှာ ကြာမြင့်လှသည့်အချိန်ကတည်းက ဟု ဆိုလေသည် ။