Arc.12.5
648 135 15
မူလက သူတို့ လောင်တကို စိုးရိမ်ပူပန်နေတဲ့ အဖွဲ့သားများဟာ ကောင်းမွန်တဲ့ နေထိုင်ရာကို ရရှိပြီးနောက်မှာ စိတ်အေးလက်အေး အိပ်ပျော်သွားကြတော့တယ် ။
ခေါင်းဆောင် က အ‌တော်ဆုံးဘဲ.. ယုံကြည်လိုက် !!
သုံးနာရီကြာအနားယူမှုက သူတို့ကို အားအင်အပြည့်ဖြစ်သွားစေပြီး ချက်ချင်း အလုပ်လုပ်ချင်စိတ်တွေတောင် ဖြစ်ပေါ်လာကြတယ် ။ ဒီတစ်ရက်နှစ်ရက်အတွင်းမှာ သူတို့က အလွန်ပင်ပန်းခဲ့သည်လေ ။ ပုံမှန်ဆို အလုပ်လက်ခံလိုက်တဲ့ စခန်းမှာ တစ်ရက်လောက် အနားယူလေ့ရှိပေမဲ့ ယခုတစ်ခေါက်ရဲ့ သဘောထားကွဲလွဲမှုကြောင့် သူတို့က ချက်ချင်း ထွက်ခွာလာဖို့သာ တတ်နိုင်လေတယ် ။
သူတို့ အခန်းထဲကနေ ဂရုတစိုက်ထွက်လာခဲ့ပြီး လျှောက်လမ်းတစ်လျှောက်က ဇွန်ဘီ အနည်းငယ်ကို အသံတိတ်ရှင်းလင်းလိုက်တယ် ။ အထပ်ရဲ့ ပထမမြောက်အခန်းကငြိမ်သက်နေဆဲဖြစ်ပြီး ချင်းရှီရှို့ ထွက်မလာသေးဘူးဆိုတာကို သူတို့ သတိထားမိတော့ ချန်မင် အား ရှေ့တွင် ချန်ရစ်လိုက်ပြီး လူတိုင်း ခြေနှစ်လှမ်းလောက် နောက်ဆုတ်လိုက်ကြတယ် ။
ဝမ်ဟန် : " လောင်ချန် .. မင်းက ခေါင်းဆောင်နဲ့ အရင်းနှီးဆုံးဘဲ ။ သူ့ကို သွားခေါ်လိုက် "
ချန်မင် : "..."
ဝမ်ဟန် : " ဟုတ်သား ငါ ပစ္စည်းတွေ သေချာပြန်စစ်လိုက်ဦးမယ် "
အဖွဲ့သား ၁ : " ငါ ကင်းသွားထောက်ရမယ် "
အဖွဲ့သား ၂ : " စိတ်မပူနဲ့ ဇွန်‌ဘီတစ်ကောင်တောင် မတက်နိုင်အောင် ငါရှင်းလိုက်မယ် "
အဖွဲ့သား ၃ : " ဒုခေါင်းဆောင် ငါ မင်းနောက်မှာ ရှိနေမယ် "
အဖွဲ့သား ၄ : " တစ်ခုခုဆို ကျွန်တော်တို့ကိုစိတ်ပူစရာမလိုဘူးနော် .. "
အဖွဲ့သားများ၏ အားကိုးခံလိုက်ရသောချန်မင် မှာ ဒုတိယအကြိမ်ဆွံ့ အသွားလေသည် ။ သူ့အဖွဲ့သားတွေရဲ့ သစ္စာရှိမှု မျက်ရည်ကျလောက်စရာဘဲ ။
ချင်းရှီရှို့သည် အလွန်ကောင်းမွန်သည့် ခေါင်းဆောင်တစ်ယောက်ဖြစ်သော်လည်း သိရမည်မှာ သင်ပစ်မှတ် မထားခံချင်လျှင် သူ့အနားယူနေစဉ် မနိုးပါနှင့် ။