Arc.12.31
270 64 0
စူးကောင်းနှင့် ယွမ်ရှန်းသည် သူတို့အနောက်မှ ဇွန်ဘီများကို စစ်ဆေးရင်း စိတ်ထဲတွင် ကျေနပ်နေခဲ့သည် ။ ပျက်ကပ်တွင် ဇွန်ဘီများသည် အမျိုးအစားမျိုးစုံဖြင့် ပေါ်ပေါက်လာကြသည် ။ သူတို့နောက်မှ ဇွန်ဘီများကဲ့သို့ တုံးအသည့်အပြင် နှေးကွေးသော ဇွန်ဘီများက အသုံးချရလွယ်ကူလှပြီး မကောင်းသည့် ကိစ္စများအတွက်သုံးနိုင်လေသည် ။
သူတို့၏ လှုပ်ရှားမှုများကို ကြည့်ရုံနဲ့ ဤသို့ အသုံးချဖူးသည်မှာ ပထမဆုံးအကြိမ် မဟုတ်လောက်ပေ ။
ချိုးရှင်းဟယ် အနားကပ်လာသည်နှင့် ဇွန်ဘီများမှာ အချက်ပေး ကိရိယာ တပ်ထားသည့်အလား ဦးတည်ရာတစ်ခုတည်းသို့ ကြည့်လာကြသည် ။ သူက အဆောက်အဦး တစ်ခုထိပ်တွင် ခြေချလိုက်ပြီး မျက်လွှာချကာ အောက်သို့ ငုံ့ကြည့်လိုက်၏ ။ မော့ကြည့်လာသော ဇွန်ဘီများမှာ သူတို့၏ ဦးတည်ချက်အား အာရုံခံမိရာ မျက်ဝန်းထဲတွင် သားကောင်ကို တွေ့ လိုက်ရသလို ပျော်ရွင်မှုတို့ ပေါ်လာတော့လေသည် ။
ဂါး.. ဂါးး
ဇွန်ဘီများထံမှ ထူးဆန်းသော အသံများထွက်လာသောကြောင့် စူးကောင်းသည် ဇွန်ဘီများအား မကျေနပ်စွာ အသံထွက်သော ဇွန်ဘီများအား သေနတ်ဖြင့် ပစ်သတ်လိုက်၏ ။
" သောက်ရမ်း ဆူတာဘဲ "
ယွမ်ရှန်း က စူးကောင်း ပစ်လိုက်သည်ကို မြင်တာနဲ့ " မင်း ဘာလို့ ဖြုန်းတီးနေတာလဲ ? ဒီဇွန်ဘီတွေကို မျှားခေါ်ရတာ အလုပ်ရှုပ်က ရှုပ်နဲ့ "
" စိတ်မပူပါနဲ့ သူတို့ကို အပြတ်မရှင်းပါဘူး ။ ကြည့်ပါလား ပြန်ထလာပြီလေ "
စူးကောင်း သူပစ်လိုက်လို့ လှဲသွားသည့် ဇွန်ဘီ ပြန်ထလာခြင်း ကို‌ ကျေနပ်စွာ ကြည့်ကာ ပြောလိုက်သည် ။ သူ ကြည့်နေစဉ်မှာပင် ထိုဇွန်ဘီသည် ကျည်ဆန် မှန်ထားသော ပုခုံးအား အလေးမထားသည့် ပုံဖြင့် အားပြင်းပြင်း ခါထုတ်လိုက်သည်ကို မြင်လိုက်ရလေသည် ။
ကန်ထွက်လာသော ကျည်ဆန်၏ အရှိန်ကို ကြည့်ခြင်းအားဖြင့် ကြွက်သားများ၏ လှုပ်ရှားမှု မည်မျြှပင်းထန်ပုံကို သိနိုင်လေသည် ။