Arc.13.15
179 36 0
ရှန်းမော့ယင်း ထုတ်လွှတ်ထားသည့် စိတ်စွမ်းအင်အား တိုးလိုက်ကာ အသိုက်အား ကာကွယ်ထားသည့် အလွှာကို ပိုမြန်မြန်ချိုးဖျက်လိုက်သည် ။
" မင်းဘယ်သူလဲ ? ဒါက တားမြစ်နယ်မြေပဲ ! ဆုတ်စမ်း !! "
အသံနဲ့အတူ အရိုးလှံတစ်ခုက အလင်းထက်မြန်သော အရှိန်ဖြင့် ရှန်းမော့ယင်းထံ တိုးဝင်လာလေသည် ။ ရှန်းမော့ယင်း လှံအား ပွတ်ကာသီကာ ရှောင်လိုက်ရသဖြင့် အလွှာအား ချိုးဖျက်နေမှုက နှေးကွေးသွားခဲ့၏ ။ ဇာ့ဂ်ဘုရင်မ၏ အငွေ့ အသက်ဖြင့် အလွှာသည် ပြန်ကောင်းလာကာ သူ့ဖျက်ဆီးမှုက ပြန်ကောင်းနှုန်းကို လိုက်မမှီချေ ။
မကြာလိုက်ပါပဲ အရိုးတောင်ပံများနှင့် ဇာ့ဂ်များစွာက သူ့ ပတ်လည်တွင် ပေါ်လာလေသည် ။ ခက်ထန်ကြမ်းကြုတ်သည့် အငွေ့ အသက်များက တစ်ယောက်ထက်တစ်ယောက်ပိုပြင်းထန်ပြီး ထွားကျိုင်းသန်မာနေကြသဖြင့် ထိုသူများနှင့် ယှဉ်လျက် ရှန်းမော့ယင်းသည် လေတစ်ချက်နှင့်ပင် ယိုင်နဲသွားနိုင်သည့်နှယ် နုနယ်လှပုံ‌ပေါ်သည် ။
ထိုသူများအား သတိထားလိုက်စဉ်မှာပင် သူ့အပေါ်သို့ ဖြတ်သန်းလာသည့် သိမ်မွေ့ သော စိတ်စွမ်းအင်ကို ခံစားမိလိုက်၍ ရှန်းမော့ယင်း၏ မျက်ဝန်းများက အေးစက်သွားရသည် ။ ထိုစိတ်စွမ်းအင်သည် ဇာ့ဂ်ဘုရင်မထံမှ ဖြစ်ပြီး သူ့ကိုယ်ပေါ်သို့ ဖြတ်သန်းသွားသည့်နှင့် သူ့စက်ပစ္စည်းများသည် ချို့ယွင်းကာ အသုံးပြုမရတော့ချေ ။
သူ့ရဲ့ ရုပ်ဖျက်ကိရိယာပျက်စီးသွားသည်နှင့် ဇာ့ဂ်အရေးအကြောင်းများ ပျောက်ကွယ်သွားကာ ဖြူဖတ်ဖြူလျော်ဖြင့် ကြည့်ကောင်းသော အသွင်အပြင်က ထွက်ပေါ်လာလေရာ ဝန်းရံထားသော ဇာ့ဂ်များ၏ မျက်ဝန်းများတွင် ထိတ်လန့်မှုများ ပေါ်လာခဲ့သည် ။
အခြားဂြိုလ်သားတစ်ယောက်က သူတို့ ဘုရင်မရဲ့ အသိုက်ထိ ဘယ်လိုတောင် ရောက်လာနိုင်တာလဲ ?
" ယုတ်မာတဲ့ဂြိုလ်သား ! သေစမ်း!! "
ဇာ့ဂ်တစ်ကောင်က သူ့ အရိုးတောင်ပံများကို ခတ်လိုက်ကာ ထက်ရှသည့် အရိုးစုများက ရှန်းမော့ယင်းအား ဖြတ်တောက်ရန် လေထဲတွင် ပေါ်လာလေသည် ။ ကျန်သည့် ဇာ့ဂ်များသည်လည်း လေထဲတွင် ရပ်လျက် လက်နက်မျိုးစုံဖြင့် ချိန်ရွယ်လာလေသည် ။