Arc.12.37 End
522 74 38
တန်ဖိုးထား ထိန်းသိမ်းခဲ့တဲ့ မှတ်ဉာဏ်တွေ ...
ပုံရိပ်တွေထဲတွင် တစ်ယောက်ဟာ ချစ်ရတဲ့သူ ကိုယ်တိုင် သေနတ်နဲ့ ပစ်သတ်ခဲ့တာကို ခံစားခဲ့ရတယ် ။
နောက်တစ်ယောက်ဟာ အလင်းမှုန်လေးတွေကို အရူးတစ်ယောက်ကို ဖမ်းဆုပ်နေခဲ့တယ် ..
ချင်းရှီရှို့ မှောင်မိုက်တဲ့ တွင်းနက်ထဲ ပြုတ်ကျသွားသည့်နှယ် စိတ်အစုံဟာ အမှောင်ထုထဲ နှစ်မြုပ်သွားခဲ့၏ ။ သူဟာ တွယ်တက်ဖို့ ကြိုးမျှင်လေးတစ်စကိုပင် ရှာမတွေ့ ခဲ့ချေ ။ အမှောင်ထုအား ကြည့်ရင်း သူ့ရဲ့ မသိစိတ်ထဲတွင် တံဆိပ်ခံထားသည့် နာကျင်မှုက ယခုမှသာ ထွက်ပေါ်လာသည့်နှယ် သူ့ ခြေထောက်များ အားအင်ချိနဲ့  လာခဲ့ပြီး အလွန်အမင်း အသက်ရှုကြပ်လာသောကြောင့် ပါးစပ်ဖြင့် အသက်ရှုထုတ်လာရသည် ။ သူ့ ဦးခေါင်းမှာ လေဖိအားကြောင့် တဖြည်းဖြည်းဝေဝါးလာခဲ့ပြီး နောက်တစ်စက္ကန့်တွင် သူ့ အသိစိတ်မျှင်လေးကိုပင် ထိန်းမထားနိုင်တော့ဘဲ အမှောင်ထုထဲ လဲကျသွားခဲ့တော့သည် ။
တချိန်တည်းတွင် အပြင်ကမ္ဘာရှိဖန်သားပြင်မှာလည်း အမှောင်အတိကျသွားခဲ့လေသည် ။
" ဘာလဲ ? ဘာဖြစ်တာလဲ ? ငါ သူ့ကို ထိန်းချုပ်လို့ ရတော့မှာ‌ကို " သူသည် အလွန်ယုံကြည်မှုရှိကာ ထိန်းချုပ်ရေး ကိရိယာကိုပင် တပ်ဆင်ဖို့ ပြုလုပ်နေခဲ့ပြီဖြစ်သည်။ နောက်ထပ်မိနစ်အနည်းငယ်စောင့်ပြီးတာနဲ့ ချင်းရှီရှို့ ၏ ခန္ဓာကိုယ်မှာ သူ့ လက်ထဲရောက်လာတော့မှာပင် ။
တဆက်တည်းဆိုသလိုပင် အဓိကစနစ်၏ အောက် တစ်ဆင့်သာ နိမ့်သော သူ၏ စနစ်မှာ တဖျစ်ဖျစ်မြည်လာကာ ချို့ယွင်းမှုများ အထပ်ထပ်ပေါ်လာတော့သည် ။ error အသိပေးချက်များ အထပ်ထပ်တက်လာပုံက ဤစနစ်မှာ ထပ်ပြီး ဘာမှလုပ်လို့ မရနိုင်တော့သည်အထိပင် ။
သည်အချိန်တွင် error များမှာ ရုတ်တရက်ပျောက်သွားခဲ့ပြီး ချို့ယွင်းချက်အသိပေးချက်တွေကြောင့် နီရဲနေသော ဖန်သားပြင်သာ ကျန်ရစ်ခဲ့လေသည် ။ ထိုဖန်သားပြင်ထက်တွင် ကြက်သီးထဖွယ် လက်ရေးဖြင့် ရေးထားသော စာသားတစ်ခု ပေါ်လာခဲ့၏ ။