Arc.13.6
284 59 0
ရွမ်းရီ သူ့ကိုယ်သူ မ‌ထုတ်ဖော်နိုင်သဖြင့် ရူးချင်ယောင်သာ ဆောင်နေနိုင်သည် ။ မကြာလိုက်ပဲ စစ်‌ယင်းဟွေ့ သည်လည်း စိတ်ဓာတ်ကျသည့်အမှုအရာနှင့် ထွက်သွားတော့သည် ။ စစ်ယင်းဟွေ့ အပြင်မထွက်နိုင်ခင် ရွမ်းရီ၏ တားမြစ်ခြင်းခံလိုက်ရ၏ ။
" ခဏ "
စစ်ယင်းဟွေ့ ပျော်ရွင်သည့် အမှုအရာ မပြင်ဆင်ရသေးခင်ပင် ရွမ်းရီ ပြောလိုက်သည် ။
" လက်တလော ငါလေ့လာစရာတွေရှိသေးလို့ .. တွေ့ ဆုံမှုတွေကို ပိတ်ထားပေးဖို့ အကြောင်းကြားပေးပါ "
စစ်ယင်းဟွေ့ ၏ မျက်ဝန်းများက အနည်းငယ်မှေးကျဉ်းသွားကာ "  မင်း အပြင်မထွက်ပဲ အသိဉာဏ်စနစ်ထဲကနေ လေ့လာမယ်ပေါ့ .. "
ရွမ်းရီ သူ့ဘာသာတွေးလိုက်သည် ။ ' ငါက ထွက်ချင်တယ်လို့ပြောရင် မင်းတို့က ထွက်ခွင့်ပြုမှာမလို့လား ? နောက်ထပ် လူလိမ်တွေ ထပ်‌များလာရုံပဲ ရှိမှာ‌ပေါ့ '
" အင်း " ဟု သာ ဖြေလိုက်ပြီး ရွမ်းရီ စစ်ယင်းဟွေ့ အား လစ်လျုရှုလိုက်ကာ မျက်လုံးမှိတ်လိုက်‌တော့သည် ။ တံခါးလုံးဝပိတ်သွားပြီဆိုမှသာ ရွမ်းရီ ၏ မျက်လုံးများ ပြန်ပွင့်လာခဲ့သည် ။ သူက ဒီအခန်းထဲမှာ ရှိတဲ့ စနစ်ကို ဟက်ဖို့ ကြိုးစားနေတာ နိုးလာပြီးနောက်နေ့ ကတည်းကပင် ။ သူ့မှာ ရှန်းမော့ယင်းလို စိတ်စွမ်းအင်မရှိတာကြောင့် မလွယ်ကူလှပေမဲ့ သူ့က ပရိုဂရမ်တစ်ခုဖြစ်လို့ ကုဒ်တွေမှတ်ရာမှာတော့ အထူး ကျွမ်းကျင်မှု ရှိပါသည် ။
[ ဒင်! ထိုးဖောက်ဝင်နေပါပြီ ]
[ စိတ်စွမ်းအင် ခံစားမှု မရှိပါ ]
ရွမ်းရီ ထိုအသိပေးချက်ကြောင့် အနည်းငယ် လန့်သွားသည် ။
[ ကျေးဇူးပြုပြီး ကုဒ်များ ဖြည့်သွင်းပေးပါ ]
သူက တချက်စဉ်းစားပြီးနောက် ရှန်းမော့ယင်း၏ ထူးထူးဆန်းဆန်းပုံစံ ကုဒ်များကို ရိုက်ထည့်လိုက်သည် ။ သူ့မှာသာ ထူးခြားတဲ့ မှတ်နိုင်စွမ်းမရှိနေရင် ဒီကုဒ်တွေ ရိုက်ထည့်နိုင်ဖို့ နေနေသာသာ နားလည်နိုင်ဖို့နဲ့တင် အချိန်ဖြုန်းနေရလောက်ပြီ။