Arc.12.27
341 81 5
" ‌ချက်ပြုတ်ဖို့ အလုပ်ရှုပ်ရင် မလုပ်ပါနဲ့ ။ ငါ ကန်တင်းမှာ ယူလိုက်လို့ရတယ် "
ချိုးရှင်းဟယ် ချင်းရှီရှို့ ခွက်ထဲသို့ ဟင်းတချို့ခတ်ပေးလိုက်ပြီး " ဒီလောက်ကိစ္စလေးကို ဘာအလုပ်ရှုပ်စရာရှိရမှာလဲ ။ ပျက်ကပ်ရဲ့အကျိုးဆက်ကြောင့် လေထုထဲမှာ ဓာတ်ပြုပစ္စည်းတွေအရမ်းများပြီး အစားအစာတွေထဲကို စိမ့်ဝင်‌ကုန်တာကြောင့် သာမန်အစာအဆိပ်သင့်မှုနဲ့တင် ချက်ချင်းသေတဲ့အထိဖြစ်နိုင်တယ် ။ ကိုယ်မင်းကို ပြင်ပအစားအစာတွေ လက်လွတ်စပယ် မစားခိုင်းနိုင်ပါဘူး ။ "
ပြီးတော့ ဒီမြို့ရဲ့ လေထုက ပုံမှန်ထက် သန့်ရှင်းပုံရပေမဲ့ သူခံစားမိသည်မှာ ဤနေရာတွင် လူသားများထက် ဇွန်ဘီများနေရန် ပိုသင့်တော်သည်ဟုပင် ။
" ဒါပြီးရင် ကိုယ် မြို့ထဲသွားမလို့ ဘာမှာဦးမလဲ "
ချင်းရှီရှို့ ခေါင်းယမ်းလိုက်သည် ။ သူက ဇွန်ဘီမြို့ထဲသွားမှာကို သာမန်ဈေးဝယ်ထွက်သလိုပြောနေတာဘဲ ။ ' ဒီကောင်တော့ ကိုယ့်ဘာသာ ဂရုစိုက်ရကောင်းမှန်းမသိဘူး '
" ဘာဖြစ်နေတာလဲ ? " ချိုးရှင်းဟယ် မသိမသာလေးကြုတ်နေသည့် ချင်းရှီရှို့အား ဂရုတစိုက်ကြည့်ကာဖြင့်မေးလိုက်သည်။  " အခုနောက်ပိုင်း ခါတိုင်းထက် ပိုတိတ်ဆိတ်နေတယ် ။ အခက်အခဲရှိလို့လား ? "
" မရှိပါဘူး " နှေးကွေးစွာ ဖြေလာသည့် ချင်းရှီရှို့မှာ အလွန်ကို ပုံမှန်မဟုတ်နေပါချေ ။
" ကောင်းပါပြီ ... ကိုယ်မင်းကို ဖိအားမပေးတော့ဘူး ။ ဘာကိစ္စပဲဖြစ်ဖြစ် မင်းဖြေရှင်းနိုင်မယ်လို့ ကိုယ်ယုံတယ် ။ " သူက မော့ကြည့်လာသည့် ချင်းရှီရှို့၏ နူတ်ခမ်းလေးအား ငုံ့နမ်းလိုက်ပြီးမှ " ဒါပေမဲ့ .. တစ်ခုခုလိုအပ်ရင် ကိုယ့်ကို သတိရပေးနော် "
ချင်းရှီရှို့ ပြန်ဖြေကြားခြင်းမပြုလုပ်ခဲ့ပဲ ချိုးရှင်းဟယ် ထွက်သွားကာ တံခါးပိတ်သွားသည်အထိ ကြည့်နေလိုက်သည် ။ အခန်းလေးမှာ ချိုးရှင်းဟယ်မရှိသည်နှင့် အလွန်ကို အထီးကျန်ဆန်စွာ တိတ်ဆိတ်သွားသည်မှာ သိသိသာသာပင် ။
' သူက အပြင် ခဏထွက်သွားတာလေ ပြီးတာနဲ့ သူပြန်လာမှာ .. ဘာလို့ ငါ့ရင်ထဲမှာ မသက်မသာနဲ့ ခါးခါးသီးသီးကြီးဖြစ်နေရတာလဲ '