Arc.12.30
282 72 0
ချင်းရှီရှို့သည် ထိုလူများထံသို့ ရောက်လုနီးနီးမှာပင် ချိုးရှင်းဟယ်၏ အမှုအရာက ပြောင်းလဲသွားခဲ့ပြီး ချက်ချင်းအရှိန်မြင့်လိုက်ကာ ချင်းရှီရှို့၏ လက်အား လှမ်းဆွဲလိုက်ပြီး နှစ်ယောက်လုံး အရှိန်သေသွားသည်နှင့် နှစ်ယောက်သား ပြိုင်တူကြည့်မိလိုက်သည် ။
ချိုးရှင်းဟယ် မျှားခေါ်ခြင်းခံလာရသော ဇွန်ဘီများကို အသာလေး မေးငေါ့ပြလိုက်သည် ။ ကြည့်လိုက်ပြီးနောက် ချင်းရှီရှို့မျက်ဝန်းအိမ်များ ကျုံ့သွားသ်ာအထိ လေးနက်သွားခဲ့သည် ။
" အခုချက်ချင်း ခံတပ်ကို ပြန်ပြီးသတင်းပေးမယ် " ချင်းရှီရှို့ ချက်ချင်း ချိုးရှင်းဟယ် လက်အား ဆွဲကာ နောက်သို့ ပြန်လှည့်သည် ။ ကျန်းယန်ကျိုး၏ လက်အောက်မှ လူများမှာ အရူးတကာ့ အရူးများပင် ။ သူတို့က ဘယ်လို မကောင်းဆိုးရွားတွေကို မျှားခေါ်ခဲ့မိမှန်း မသိကြဘူး ။
ထိုသူများမှာ သာမန်ဇွန်ဘီများကို ကစားနေသည့်အလား ပျော်ရွင်စွာ မြူးတူးနေကြပေသည် ။ သန္ဓပြောင်းဇွန်ဘီများမှာ အလွန်အစွမ်းထက်သည့်တိုင် ရှားပါးလှ၍ တော်ရုံ လူများ မမြင်ဖူးကြပေ ။ မြင်ဖူးသူများမှာလဲ အစားမခံရလျှင်ပင် ဇွန်ဘီများ ဖြစ်လာကြသဖြင့် မသိကြချေ ။သန္ဓပြောင်းဇွန်ဘီနဲ့ အတွေ့ အကြုံ အလွန်ရှိပါသော ချင်းရှီရှို့ မှာ ထိုသာမန်ဟု ထင်ရသော ဇွန်ဘီများမှာ တကယ့်တကယ်တွင် သူတို့ တွေ့ ခဲ့ဖူးသည့် သန္ဓပြောင်းများထက်ပင် ပိုသန်မာကြောင်း သိလိုက်သည် ။ သန်မာသည်ထက် ထိုဇွန်ဘီများ၏ မျက်ဝန်းများမှာ အသိဉာဏ်ရှိပုံပေါက်နေခြင်းက ပိုကြောက်စရာကောင်းလေသည် ။
သူတို့သည် သူတို့အရှေ့မှ လူများက သူတို့အား ကစားနေသည်ကို ငြိမ်ခံနေလျက်ရှိသော်လည်း မျက်လုံးများက အရူးများသဖွယ်ကြည့်နေပြီး ကောက်ကျစ်စွာ ပြုံးနေကြသည် ။
အလွန်အမင်းလေးနက်လာသောချင်းရှီရှို့ နည်းတူ ချိုးရှင်းဟယ်သည်လည်း မျက်မှောင်ကြုတ်လိုက်ရင်းဖြင့် သက်ပြင်းချလိုက်သည် ။ သူက နေရာတွင် ခိုင်မာစွာ ရပ်နေပြီး ချင်းရှီရှို့ အနောက်သို့ မလိုက်ခဲ့ချေ ။