Arc.11.6
734 160 28
ဒုန်း!!
ရှန်းမော့ယင်းနဲ့ စင်တီမီတာ အနည်းငယ်သာ လွဲသွားခဲ့တဲ့ ထူးထူးဆန်းဆန်းကားကြီးဟာ သစ်ပင်ကို တဖန်တိုက်မိသွားပြန်တယ် ။ ပစ်မှတ်ပျောက်ဆုံးသွား၍လား တစ်ယောက်ယောက် ရောက်လာခဲ့လို့လား မသိသော်လည်း အဲ့ဒီနောက် ကားဟာ တစ်ခါမှ မရှိခဲ့ဖူးသလိုမျိုး ပျောက်ကွယ်သွားတော့သည်။
ထိုမြင်ကွင်းကြောင့် မုလျန်ခဲ့ လမ်းမထက်တွင် ကြောင်အစွာရပ်နေမိသည် ။ အခုလေးတင် သူဘာကြုံတွေ့ လိုက်ရတာလဲဆိုတာကို သူ့ဉာဏ်ရည်နဲ့ လိုက်မမှီဘူး ဖြစ်သွားတယ်။ သူက သူ့လက်က တစ်ခုခုကို ဆုပ်ကိုင်ထားမိတာကို ခံစားလိုက်ရတာကြောင့် မော့ကြည့်မိသည် ။
သူ့အား နားမလည်နိုင်သည့် မျက်ဝန်းတို့ဖြင့် စိုက်ကြည့်နေသည့် လူတစ်ယောက် ။ ဤသူ၏ မျက်လုံးများသည် လှပသော်ငြား အရောင်အဆင်းကင်းမဲ့နေ၏ ။ ကြောက်ရွံ့ ခြင်း ၊ ထိတ်လန့်ခြင်း ဒါမှမဟုတ် တခြားခံစားချက်တို့ ပျောက်ဆုံးနေပြီး သေဆုံးနေသော မျက်ဝန်းများနဲ့ ပိုတူသည် ။ ထိုသူက သူအား စောင်းငဲ့ကာ ကြည့်ရင်း ကယ်တင်ရသည့် အကြောင်းအရင်းကို မေးခွန်းထုတ်နေပုံပေါ်သည် ။
သူကိုယ်တိုင်လည်း ဒီလူကို ကယ်တင်ဖို့ ဘာလို့လှုပ်ရှားမိလိုက်လည်းဆိုတာ နားမလည်ခဲ့ပါဘူး ။ ဒီတိုင်း သူ့ခန္ဓာကိုယ်က လှုပ်ရှားမိသွားခဲ့တာ ကိုယ်လုပ်ရမဲ့အလုပ်ကို သဘာဝအတိုင်းလုပ်လိုက်ရသလိုမျိုး ချောချောမွေ့ မွေ့ လေး ။
ဒီထူးထူးဆန်းဆန်း ခံစားချက်က ခုနက အဖြစ်အပျက်ထက်‌တောင် ပိုထိတ်လန့်စကားကောင်းသေးသည် ။
တကယ်လို့ သူသာ အနည်းငယ်နောက်ကျသွားပါက သူ ရှန်းမော့ယင်းအနားရောက်တဲ့အချိန် အချိန်ကိုက်ကားက သူတို့နှစ်ယောက်လုံးကို ဖြတ်တိုက်သွားမှာဘဲဖြစ်တယ် ။
မုလျန်ခဲ့ မျက်နှာက ရုတ်တရက် ပျက်ယွင်းသွားသည် ။ သူက သူ့အသက်ကိုတောင် မမူဘဲ တခြားတစ်ယောက်ကို သွားကယ်လိုက်တယ် ။ အဲ့လူကလည်း သူနှစ်ခါ‌သာ တွေ့ ဖူးခဲ့တဲ့လူ ။ အဲ့ဒီအသိက သူ့ကို ပိုလို့ ထူးဆန်းစေသည် ။
ရှန်းမော့ယင်း ဆုပ်ကိုင်ခံထားရသည့် သူ့လက်အား သေသေချာ‌ချာလေး ပြန်ကြည့်လိုက်တယ် ။ သေဆုံးပြီးကာစ အချိန်တချို့ကလွဲပြီး နောက်ထပ် သူက ဘယ်အရာကိုမှ မထိတွေ့ နိုင်တော့ဘူး ။ သက်ရှိလူသားတစ်ယောက်ကလည်း သူ့ကို ထိတွေ့ ဖို့ မဖြစ်နိုင်ပါဘူး ။