Arc.13.5
339 79 7
ရှန်းမော့ယင်း သူ့ဒဏ်ရာများကို ကုသဖို့ ကုသရေးပုလင်းများစွာ အသုံးပြုခဲ့ရသည် ။ ပင်မကြယ်သို့ သွားရန်အချိန်ရောက်သည့်အခါ သူ့ဒဏ်ရာများမှာ အရှင်းပျောက်ပြီး စိတ်စွမ်းအင်က ပိုသန့်စင်လာပြီ ဖြစ်သည် ။ မဟာမိတ်တပ်ဖွဲ့ထဲဝင်ကာ ကမ္ဘာဂြိုလ်ကို တိုက်ခိုက်မည့်အစီအစဉ်ထဲ ပါဝင်ခဲ့ပြီး တပ်ဖွဲ့တစ်ခုကို ဦးဆောင်ခွင့်ရခဲ့သည် ။
တကယ်တော့ ဂြိုလ်သားအများစု၏ တိုက်ခိုက်ပုံကရိုးရှင်းလှသည် ။ သူတို့က အဖွဲ့ငယ်လေးများစေလွတ်ကာ သတ်ဖြတ်ပြီးရင်း သတ်ဖြတ်ဖို့သာ ဘာဗျုဟာမှ မရှိပေ ။ တပ်ဖွဲ့မှူးတစ်ယောက်အနေဖြင့် သူ့အတွက် ယာဉ်ပျံထဲတွင် ကိုယ်ပိုင်အခန်းရရှိခဲ့သည် ။
ဤနေရာအထိ သူက ဘာပြဿနာမှ မကြုံခဲ့ရပဲ သေချာလေးလှုပ်ရှားနိုင်ခဲ့သည်မှာ ယခင်က အတွေ့အကြုံများကြောင့်ပင်။
/ သခင် ကမ္ဘာဂြိုလ်ကို တကယ်ကြီး တိုက်ခိုက်မလို့လား ? / ရှောင်ထျန်း မဝံ့မရဲ ပြောလာ၏ ။
ဒါက မူလရည်ရွယ်ချက်နဲ့ နည်းနည်းလေး သွေဖယ်... မဟုတ်ဘူးဟ... လုံးဝကို ပြောင်းပြန်ဖြစ်နေတာ
"" အဲ့ဒါက အရေးမကြီးဘူး။ မင်းရဲ့ မူလတီထွင်သူကို ဆက်သွယ်တာ ရပြီလား ? ""
/ ကွန်ရက်က ဝေးနေသေးတယ် ။ ပြီးတော့ စနစ်ရဲ့ မှတ်ဉာဏ်ထဲက နောက်ဆုံးအဖြစ်အပျက်မှာ ဆရာက ထိန်းသိမ်းခံလိုက်ရတာမို့ ဆက်သွယ်လို့ရမရ ‌မသေချာဘူး /
ရှန်းမော့ရင်း အများကြီး မျှော်လင့်မထားဟန်ဖြင့် "" ဟုတ်ပြီလေ.. အားတဲ့အချိန် စမ်းကြည့်ပေါ့ ""
ပြီးနောက် သူက ကိုယ်ပိုင်အခန်းမှ ထွက်ခဲ့ကာ မဟာမိတ်ယာဉ်ပျံထဲသို့  လှည့်ပတ်ကြည့်ရှုလေသည် ။
" ရပ်လိုက်! ဒီနေရာကို သွားခွင့်မရှိဘူး "
ယာဉ်ပျံ၏ အတွင်းကျဆုံးနေရာမရောက်ခင် ရှန်းမော့ယင်း တားဆီးခံလိုက်ရသည် ။
" ဟုတ်လား " ရှန်းမော့ယင်း အစောင့် ငါးယောက်အား နာခံစွာ ဖြေလိုက်ပြီးမှ အမှုအရာမဲ့စွာကြည့်ပြီး " ဒါပေမဲ့.. ငါ ကြည့်ချင်တုန်းပဲ "