Arc.12.19
485 93 24
ချင်းရှီရှို့ ချိုးရှင်းဟယ်အား မောင်းထုတ်ပြီးသည်နှင့် ယောင်းဟန်ထံသို့ စိတ်အားထက်သန်စွာ လျှောက်လာလေသည် ။
ယောင်းဟန်မှာ ရှန်းမော့ယင်း အား ဤသို့ ဆက်ဆံရဲသည့် လူရှိမည်ဟု မထင်ထားခဲ့ပေ ။ သူက အလွန်တုန်လှုပ်နေပြီဖြစ်၍ ချင်းရှီရှို့ မမေးခင်ပင် တန်းဖြေကြားတော့သည်။
" ရှရွယ်ကို ရှင်သန်ခြင်းအမှတ်အတွက် သတ်လိုက်တာပါ ။ အခန်းထဲ ပုန်းအောင်းနေတဲ့အချိန် ပါမောက္ခရှန်းက ရှာတွေ့ ခဲ့ ..."
" ဘယ်သူက အဲ့အကြောင်းတွေ သိချင်နေလို့လဲ ? " ချင်းရှီရှို့ ခုံတစ်ခုအား ဆွဲယူလိုက်ပြီး " ငါ့ကို ရှန်းမော့ယင်း အကြောင်းပြောပြ "
ယောင်းဟန် - "...." ငါ့ကို တန်းရိုက်သတ်လိုက်ပါလား
ယောင်းဟန်မှာ ချင်းရှီရှို့အား အကဲခတ်လျက် အလွန်သတိထားကာဖြင့် " သူက ဒီလောက် နာမည်ကြီးတာကို မင်းမသိဘူးလား ? "
ချင်းရှီရှို့ အမှုအရာမပျက်တည်ငြိမ်စွာဖြင့် ပြောလိုက်သည် ။
" ငါ့မှာ ကုသလို့မရတဲ့ရောဂါရှိလို့ အာရုံငါးပါးပျောက်ဆုံးပြီး အသက် ၈ နှစ်ကတည်းက ဆေးရုံမှာ လှဲနေရတာ .. အပြင်လောကအကြောင်း သိပ်မသိဘူး "
( AN / သတိမထားမိမှာစိုးလို့ ။ ဟုတ်ပါတယ် ရှီရှို့က လိမ်လိုက်တာပါ ။ တဖက်က သူ AI ဆိုတာ သိမှမသိဘဲလေ )
ယောင်းဟန်မှာ ရောဂါအကြောင်းကြားပြီးနောက် စာနာစိတ်လေးပေါ်လာခဲ့သည် ။ ချင်းရှီရှို့သည် သူ့ကဲ့သို့ ဤစနစ်ကြောင့် ဘဝအသစ်ပိုင်ဆိုင်ရသည်ကို သိရသဖြင့် ပိုရင်းနှီးလာသလို ခံစားရပြီး စကားပြောဖို့ မတုံ့ဆိုင်းတော့ပေ ။
' ဒါပေါ့ ကောင်းကြောင်းတွေချည်း ထွက်လာမှာပါ '
" ပါမောက္ခရှန်းက အပြင်ဘက်မှာဆို လူတိုင်းလေးစားအားကျရတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပါ ။ သူက လူသားမျိုးနွယ်ဖွံ့ ဖြိုးရေးမှာ အရေးပါတဲ့လူဖြစ်ပြီး နိုင်ငံတကာမဟာမိတ်အဖွဲ့ကတောင် သူ့ဆုံးဖြတ်ချက်တွေကို အလေးထားရတယ် ။ နယ်ခြားတွေရန်က ကာကွယ်ဖို့ စက်ပစ္စည်းနည်းပညာအများစုက ပါမောက္ခရှန်းရဲ့ ဓာတ်ခွဲခန်းကနေ ရလာတဲ့ ရလဒ်တွေဘဲ ။ သူက နတ်ဘုရားတစ်ပါးလိုမျိုး အရာတိုင်းကို ကျွမ်းကျင်တယ် ။ နယ်ပယ်တိုင်းမှာ ထူးချွန်တယ်လို့ ရည်ညွှန်းရင်တောင် လွန်မယ်လို့ မထင်ပါဘူး ။ "