Arc.10.14
1.3K 214 25
ကုကျင်းဟန်သည် ရှောင်ယုယွီ၏ လက်အား ဆွဲဖြုတ်လိုက်ကာ " ငါ တစ်ယောက်တည်း နေချင်တယ်.. "
ရုတ်တရက်ကြီး သူမအပေါ် အေးတိအေးစက် ဆက်ဆံလာခြင်းက ရှောင်ယုယွီအား အချိန်အတော်ကြာသည်အထိ မှင်သက်သွားစေသည် ။ လွန်ခဲ့တဲ့ မိနစ်ပိုင်းကဘဲ သူမတို့ အဆင်ပြေနေခဲ့တာလေ ။ ဒီအချိန်ကြားလေးမှာ ဟန်ကျင်း ဘာဖြစ်သွားတာလဲ ။
" ဘာဖြစ်နေ .. ကျွန်မတစ်ခုခု အမှားလုပ်မိလို့လား "
ရှောင်ယုယွီသည် ကုကျင်းဟန်၏ သူမအပေါ် မင်္ကာမှုတွေက ဒီတိုင်း အကြည့်လေးသက်သက်ကြောင့် ဖြစ်လာခဲ့တယ်ဆိုတာကိုသာ သိခဲ့ရင် သူမ သေလုနီးပါး ဒေါသထွက်သွားလောက်သည် ။
အဆုံးမှာတော့ ခံစားချက်ဆိုသည်အရာက အကြည့်လေးတစ်ချက်မှာဘဲ ခဏအတွင်း ဖြစ်တည်လာနိုင်သလို အချိန်အကြာကြီးတည်ရှိနေတဲ့ ခံစားချက်တွေအားလုံးက စကားတစ်ခွန်းလေးကြောင့် ပျောက်ပျက်သွားတဲ့ အဖြစ်မျိုးကလည်း မရှားပါးလှပေ ။
ထိုမရေရာသည့် အချစ်ဆိုတာမျိုးကို ကုကျင်းဟန် ယခင်က မသိရှိခဲ့ပေမဲ့လည်း သူက အကြည့်လေးတစ်ချက်မှာဘဲ နားလည်သွားခဲ့တယ်လေ ။ နှမြောစရာက သူနားလည်လိုက်တဲ့အချိန်မှာဘဲ အဲ့အချစ်ကို သူက ဆုံးရှုံးနှင့်ပြီးနေခဲ့ပြီ ။
အခုချိန်မှာ ဖြစ်နေတဲ့ သူ့နာကျင်မှုကို ဘာနဲ့မှ အစားထိုးမရနိုင်တဲ့အပြင် အရာရာကို သံသယဖြစ်လာတဲ့စိတ်ကိုလည်း မထိန်းချုပ်နိုင်တော့ဘူး ။
ပိုင်ယင်းရဲ့ ချစ်ခြင်းမေတ္တာကို မြင်လိုက်ရတဲ့ သူက ချစ်ခြင်းမေတ္တာကို ခံစားလိုက်ပေမဲ့ တချိန်တည်းမှာဘဲ အဲ့တုန်းက သူ့အပြုအမှုကိုပြန်တွေးမိစေခဲ့ပြီး ချစ်ခြင်းမေတ္တာကို မယုံကြည်နိုင်တော့အောင် သင်ယူမိလိုက်ပြီ ။
" အခုချိန်ထိ ဖြစ်ခဲ့တဲ့အရာအားလုံး မင်းရဲ့ တွက်ချက်မှုအတွင်းမှာဘဲ ရှိနေသေးတယ်မလား ..ငါနဲ့ မင်းရဲ့ကြားမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေက တိုက်ဆိုင်မှု သက်သက် ဖြစ်ရဲ့လားဆိုတာ မသေချာတော့ဘူး .. "
ကုကျင်းဟန် သူ့ကိုယ်သူ တည်ငြိမ်အောင်ထိန်းလိုက်ရတယ် ။ ဘယ်အခြေအနေမှာမဆို စိတ်မလွတ်ဖို့ သင်ကြားပေးခံခဲ့ရတဲ့ သူ့အတွက် သူ့စိတ်တစ်ခုလုံး ယောက်ယှက်ခတ်နေရင်တောင် ဘယ်သူမှ သတိမထားမိအောင်နေသင့်တယ် ။