Arc.11.17
611 137 45
" မင်းက အထူးခြားဆုံးဘဲ .."
တည်ငြိမ်သည့် အသံသည် နားထဲသို့ နိမ့်နိမ့်လေး ဆင်းလာပြီးနောက် မျက်နှာနှစ်ခုသည် နီးကပ်...
မုလျန်ခဲ့ မျက်လုံးများ ဆတ်ခနဲပွင့်လာ၏ ။ ခြောက်ကပ်နေသည့် သူ့လည်ချောင်းအတွက် ရေတစ်ခွက် ငှဲ့သောက်ပြီးသည့်တိုင် သူ့ကိုယ်သူ မယုံနိုင် .. ။
ဘယ်လိုလုပ် ဒီလိုမြင်ကွင်းမျိုးက သူ့အိမ်မက်ထဲရောက်လာတာလဲ ..
ရေခွက်အား ဘေးနားရှိ စားပွဲထက်သို့ လှမ်းတင်လိုက်ပြီးနောက် အခန်းတွင်းသို့ ဝေ့ဝဲကြည့်လိုက်သည် ။ ရှန်းမော့ယင်း၏ ပုံရိပ်အား မတွေ့ ရသဖြင့် သူက အနည်းငယ် စိတ်အေးသွားရသည် ။ အိမ်မက်မက်နေတုန်း အပြင်ကသူကဘယ်လိုပုံစံမျိုး ဖြစ်နေလည်းဆိုတာ ဘယ်သူသိမှာလဲ ။
ဒေါက်.. ဒေါက်
" သခင်လေး .. မနက်စာ အတွက် အဆင်သင့်ဖြစ်ပါပြီ "
" အင်း .. သိပြီ " ပြန်ဖြေပြီးတာနဲ့ မုလျန်ခဲ့ ကုတင်ပေါ်မှ အလျင်အမြန်ဆင်းကာ ရေချိုးခန်းထဲ ဝင်သွားတော့သည် ။ စိတ်ငြိမ်သွားစေရန် အချိန်တချို့ယူပြီးနောက် သူသတိထားမိလိုက်တာက မနေ့ က သူဝတ်ခဲ့တဲ့ အဝတ်သည် အခန်းတွင်း လုံးဝရှာမတွေ့ တော့ပေ ။
သူက ပင်ပန်းလွန်းလို့ နားကပ်ကို မထုတ်ခဲ့ဘဲ ဒီတိုင်း ထားခဲ့သည်အား သတိရလိုက်သည်နှင့် တည်ငြိမ်နေသည့် စိတ်မှာ အလွယ်တကူဘဲ ပြန်လည် ပျက်စီးသွားလေသည် ။
" ဒေါ်လေးရီ .. မနေ့က ကျွန်တော်ဝတ်တဲ့ အဝတ်တွေ .. ဘယ်နားမှာထားလိုက်လဲ "
" အို .. အဲ့ဒါတွေက လျှော်ဖို့ ဆိုင်ကို ပို့လိုက်ပြီလေ .. ‌မပို့ခင် ဒေါ်လေးစစ်ဆေးလိုက်ပါတယ် .. ဘာပစ္စည်းမှ မပါသွားဘူး "
မုလျန်ခဲ့ မနက်စာတောင် မစားနိုင်တော့ဘဲ အိမ်ကနေ ထွက်လာခဲ့သည် ။ ဒေါ်လေးရီ နားကပ်ကိုရှာမတွေ့ တာ သူမအံ့ဩပေ ။ ဘာလို့ဆို ရှန်းမော့ယင်း ပေးတဲ့ ပစ္စည်းတွေကို သူတစ်ယောက်ဘဲ မြင်နိုင် ထိနိုင်တာမလို့ဘဲ ။
တကယ်လို့ ပျောက်သွားခဲ့ရင် .. သူတို့က ဘယ်တော့မှ မတွေ့ နိုင်တော့ဘူး မဟုတ်လား ..