Arc.13.2
476 81 23
အိုက်ထဲ့လင်ယဲ့ သည် အဆင့်နိမ့်တိုက်ခိုက်သူဖြစ်သောကြောင့် သူ၏ နေထိုင်ရာမှာ မဆိုးလှချေ ။ ရှန်းမော့ယင်းသည် လမ်းတစ်လျှောက် လေ့လာခဲ့ပြီးနောက် သူသည် စွန့်ပစ်ကြယ်တစ်ခုသို့ ရောက်နေပြီး ဤနေရာတွင် မျိုးနွယ်စုမျိုးစုံ နေထိုင်ကြသည် ။ ကမ္ဘာဂြိုလ်၏ သတင်းများမှာ သိပ်တော့ မကောင်းလှပေ ။
အရှုပ်အထွေးအား ဖြစ်စေသော လူသည် ဇာ့ဂ်ဘုရင်မနှင့် ပူးပေါင်းကာ ကမ္ဘာဂြိုလ်တွင် ဇာ့ဂ်များကို လွတ်လွတ်လပ်လပ်နေထိုင်ခွင့် ပေးခဲ့သည် ။ လူသားအများစုမှာ ပုံရိပ်ယောင်အတွင်းသို့ ကျရောက်နေပြီး ရှင်သန်ရစ်သော သူများမှာလည်း ထိန်းချုပ်ခံနေကြရသည် ။ ဆန့်ကျင်တိုက်ခိုက်သူများရှိသော်လည်း သူတို့သည် ဇာ့ဂ်များကို တိုက်ခိုက်နိုင်သည့်တိုင် အထူးအေးဂျင့် စက်ရုပ်များအား မကျော်လွှားနိုင်ကြပေ ။
သူက သတင်းများကို ဖတ်ရှုကာဖြင့်
" ငါတို့ နိုးထလာတဲ့အချိန်နဲ့ တချိန်တည်း နိုးလာတဲ့ လူသား ၃၄၂၈ ယောက်ကို သတ်ပစ်လိုက်တဲ့ သတင်းက စွန့်ပစ်ကြယ်အထိတောင် အမြန်ရောက်လာတယ် "
မနေနိုင်စွာ သူက စိတ်သက်သာရာ ရသွားခဲ့သည် ။ " ရီ ကို ငါ့ခန္ဓာကိုယ်ဆီ ပို့လိုက်မိတာ ကံကောင်းတယ် ။ စက်ရုပ်တွေနဲ့ ပုံရိပ်ယောင်စနစ် ရှိ‌သေးသရွေ့  သူတို့ ငါ့ကို မထိခိုက်နိုင်ဘူး ။ ကျန်တာတော့ ငါ့ရဲ့ ရီကလေး ဘယ်လိုမျိုး ပြုမှုမလဲဆိုတာနဲ့ ဆိုင်သွားပြီ "
တဖက်တွင် ရွမ်းရီ သည် သူ့အရှေ့က လူအား မှင်သေသေအမှုအရာဖြင့် စိုက်ကြည့်နေခဲ့၏ ။ ပုံရိပ်ယောင်ကမ္ဘာအတွင်းသို့ ဝင်လိုသူတိုင်း သူတို့ရဲ့ ကိုယ်ပိုင် စွမ်းအင်ကို အသုံးပြုရသည် ။ သူသာ အမှတ်မမှားပါက သူ့ရှေ့က လူမှာ မကြာသေးခင်ကပင် သူ့အား ထိန်းချုပ်ရန် ကြိုးစားခဲ့သူပင် ။
သူ့မှာ တဖက်တွင် ပေါက်ကရလုပ်တတ်သည့် ရှန်းမော့ယင်းအား စိတ်ဆိုးနေသော်လည်း တင်းကြပ်သော လုံခြုံရေးအား ကြည့်ကာဖြင့် စိတ်သက်သာရာရသွားခဲ့သည် ။ ဒီထဲမှာ အချုပ်ခံထားရတာထက်စာရင် အခြားနေရာမှာ စီစဉ်စရာရှိ‌တာ စီစဉ်နိုင်တာ ပိုကောင်းပါသည် ။