Arc.10.19
1K 182 14
ရှီးယွမ်၏ ခန္ဓာကိုယ်မှ စူးရှသည့် အနက်ရောင်အလင်းတန်းတစ်ခုသည် ကောင်းကင်ထိအောင် ထိုးထွက်သွားကာ လူတို့အား စိတ်ပျက်အားလျော့အောင်ပြုလုပ်နိုင်သည့် အော်ရာများက ရပ်တန့်မရအောင် ပျံ့နှံ့သွားသည် ။ အနားတစ်ဝိုက်တွင် အစပျိုးနေသည့်မုန်တိုင်းကဲ့သို့ လေပြင်းများသည် ရှီးယွမ်အား ဝန်းရံထားသည် ။
ရှီးယွမ်သည် သတိထားမိပုံမရသော်လည်း အနီးအနားတွင်ရှိသည့် ရှောင်ထျန်းသည် အလွန်ထိတ်လန့်နေပြီ ဖြစ်သည် ။ သူ့အချက်အလက်ထဲမှာ ဒီလိုအရာမျိုးမရှိပေမဲ့ သူသာ အဲဒီအနက်ရောက်အလင်းတန်းနဲ့ ထိမိရင် ဒီလောကကနေဖျောက်ဖျက်ခံရမယ်ဆိုတာ သေချာသိနေတယ် ။ ဒါက ပြန်လည်ပြုပြင်ခံရခြင်းထက် ပိုဆိုးဝါးသည် ။
"" သခင် ! သခင် ! သခင်သာ မထလာရင် တစ်ခုခုဆိုးဝါးတာ ဖြစ်တော့မယ်နော် ။ အဲ့ဒါကြောင့် စိတ်စွမ်းအားကို အကုန်မသုံးပါနဲ့လို့ သတိပေးတာကို .. နားမထောင်ဘူး ..။ အခု ဘယ်သူက ဒီလူကို ထိန်းနိုင်‌တော့မှာလဲ ? ""
Main system : [ တီ!!!!!တီ!!!! တီ!!!! တီ!!!! ပရိုဂရမ်  ပြင်ဆင်ခြင်း ရပ်တန့်သွားပါပြီ .. ချက်ချင်း ပြုပြင်... တီ!!!]
[ ပရိုဂရမ်အား ထိန်းချုပ်မှု ကျရှုံးသွားပါပြီ ]
[ ပရိုဂရမ်တွင် အသစ်ထည့်သွင်းထားသော ကုဒ်များ ပျက်စီးသွားပါပြီ ]
ဤသတိပေးချက်နှင့် တစ်ချိန်တည်းတွင် အခန်းထဲ၌ ရှောင်ယုယွီသည် ရုတ်တရက်မေ့လဲသွားခဲ့သည် ။
[ စနစ်သည် ပရိုဂရမ်နှင့် ချိတ်ဆက်လို့ မရတော့....ပါ ]
အဓိကစနစ်၏ အသံသည် တိုးညင်းသွားကာ တဖြည်းဖြည်းပျောက်ကွယ်သွားသည်ကို ရှောင်ထျန်း ခံစားမိလိုက်သည် ။ သူ့အပေါ်တွင် လွှမ်းမိုးထားသော အဓိကစနစ်ရဲ့ ထိန်းချုပ်မှုက မရှိတော့ပေမဲ့ မပျော်ရွင်နိုင်သေးပါဘူး ။
လက်ရှိတွင် ရှီးယွမ်၏ နက်မှောင်သာအရှိန်အဝါများက လူတိုင်းရဲ့ ကံကြမ္မာကို နူတ်ယူနေသလိုမျိုး စုစည်းနေသည်လေ ။ သူသာ ကြားနေရသည့် ကြောက်မက်ဖွယ်အသံများက တစ်စုံတစ်ခုပေါက်ကွဲဖို့ အစပြုနေသည့်နှယ် ...။