Arc.11.21
565 111 23
မုလျန်ခဲ့ လက်တော့အား အချိန်တစ်ခုထိ စိုက်ကြည့်မိ၏ ။ ထိုထဲတွင် video တစ်ခုကို ဖွင့်ထားခဲ့သည် ။ CCTV မှ ကူးယူထား‌‌သော ဤvideoသည် အနည်းငယ်ဝေဝါးကာ တောင့်တချို့ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ချေ ။ သို့တိုင်အောင် လီကျန်း၏ ထူးဆန်းသော အပြုအမှုတို့ကို မြင်နိုင်သေးသည် ။
လီကျန်းသည် ပုံမှန်အတိုင်း ညဘက်အချိန်ပိုင်းအလုပ်မှ ပြန်လာပုံပေါ်သည် ။ သူသည် တစ်ယောက်ယောက်နဲ့ စကားပြောနေပုံရပြီး ပျော်ရွင်တက်ကြွနေသည် ။ သို့ပေမဲ့ ဘယ်လိုကြည့်ကြည့် သူ့ဘေးနားတွင် ဘယ်သူမှမရှိသလို လက်ထဲတွင် ဖုန်းကိုင်ထားပြီး နားတွင် နားကြပ်မရှိတာ သေချာမြင်ရသည် ။ ဒါဆို သူက ဘယ်သူနဲ့များ ပြောနေခဲ့တာလဲ ...
အဲ့ဒါထက် နောက်ပိုင်းလီကျန်း၏ လှုပ်ရှားမှုများက ပိုတောင် ထူးဆန်းသေးသည် ။ သူက နေရာတစ်ခုအား ထိတ်လန့်စွာကြည့်ကာ စကားများ ရန်ဖြစ်နေပုံပေါ်သည် ။ ပြီးတာနဲ့ တစ်ယောက်ယောက်၏ တွန်းထုတ်ခြင်းခံရသလိုမျိုး လွင့်ထွက်သွားခဲ့သည် ။ ပြီးနောက် သူသည် မျက်စိရှေ့တွင် ထိတ်လန့်ဖွယ်မြင်ကွင်းတစ်ခုမြင်လိုက်ရသလိုမျိုး တုန်ယင်သွားပြီးနောက် ရှေ့သို့ ပြေးသွား၏။ သူ့လက်များပေါ်တွင် တစ်ယောက်ယောက်ကို ပွေ့ ဖက်ထားဟန် လက်တို့ကို မြောက်ထားပေမဲ့ လက်ထဲတွင် ဘာမှမရှိနေပေ ။
သူက ဝမ်းနည်းကြေကွဲစွာခေါင်းငုံ့နေရာမှ ရုတ်ချည်း ခေါင်းမော့လာ၏ ။ ဖန်သားပြင်မှာ မည်းမှောင်သွားခဲ့ပြီးမှ တဖန်ပြန်ကောင်းသွားချိန် လီကျန်းမှာ ထိုနေရာတွင် မေ့လှဲနေချေပြီ ။
ဒါသည် အတန်းတစ်ခုလုံး အသတ်ခံရသည့်နေ့ က ရိုက်မိထားသည့် လီကျန်း၏ video ပင် ။ သူက နောက်နေ့တွင် သတိရလာခဲ့ပြီး ဆေးရုံတွင် အတော်လေး ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သည်ဟု ကြားသိရသည် ။ ပါးစပ်ကနေ နာမည်တစ်ခုကိုသာ ရွတ်နေခဲ့ပြီး ပြန်ခေါ်ပေးဖို့ ပြောနေပြီး ရဲများ စစ်ဆေးရန်လာချိန်အထိ ‌ဒေါသထွက်ကာ ကြမ်းတမ်းနေသေးသည် ။ သို့သော် နောက်တစ်နေ့တွင် သူသည် တိတ်တဆိတ်ဖြင့် ဆေးရုံက ဆင်းသွားကာ တိုက်ခန်းထဲတွင်သာ နေတော့ပြီး အပြငိသို့ ထွက်ခဲလာသည် ။