Arc.12.13
484 80 31
ချိုးရှင်းဟယ်နဲ့ ချင်းရှီရှို့မှာ အပြန်အလှန်ကြည့်လိုက်ပြီး မျက်ဝန်းထဲတွင် မေးခွန်းများ ပြည့်လို့နေသည် ။ သူတို့ရှေ့က ကောင်လေးမှာ အေးစက်တိတ်ဆိတ်နေသော လေထုကြောင့် ထိတ်လန့်နေသော ကြောင်ပေါက်လေးကဲ့သို့ ကုတ်နေလေသည်။
" ကိစ္စရှိလို့လား .."
ကြောက်စိတ်က ပျံ့နှံ့နေဆဲဖြစ်သည့်အတွက် ချင်းရှီရှို့ရဲ့ အသံအေးအေးကို ကြားတာနဲ့ လန့်သွားလေသည် ။ " အာ .. ကျွန်တော် .. ချင်းကော .. ရှောင်နန်ကျဲက ပြော "
အစီအစဉ်မကျသည့် စကားများကြောင့် နှစ်ယောက်သားမှာ ဘာမှနားမလည်လိုက်ပေ ။
ချိုးရှင်းဟယ် : "..."
ချင်းရှီရှို့ : "... "
ငါတို့က အဲ့လောက်ကြောက်စရာကောင်းလို့လား ??
ချင်းရှီရှို့ ရေတစ်ခွက်အား ရှေ့ချပေးလိုက်ကာ အတတ်နိုင်ဆုံး လေသံကိုလျော့ချထားလေသည် ။ " စိတ်ကိုလျော့ .. ဖြေးဖြေးချင်းပြော .. "
ချိုးရှင်းဟယ် ၏ အကြည့်က အဆက်မပြတ်လုံးချေ‌နေ၍ နီရဲနေသည့် လက်ထိပ်များထံရောက်သွားလေသည် ။ သူက ဘေးတွင်ချထားသော စာအုပ်တစ်အုပ်အားယူလိုက်ပြီး ရှပေါင်ထံ ကမ်းပေးသည် ။ " ဒါလေး ရှောင်နန်ကို ပေးပေး "
" ဟုတ်ကဲ့ "
ရှပေါင်မှာ တရိုတသေဖြင့် စာအုပ်အား လှမ်းယူလိုက်တယ် ။ စာအုပ်အဖုံးပေါ်က သူနားမလည်တဲ့ နိုင်ငံခြားဘာသာစကားကိုတွေ့ လိုက်ရတယ် ။ သူက စာအုပ်အား ပွေ့ ပိုက်ထားပြီး ချမထားရဲချေ ။ တစ်ခုခု ကိုင်ထားရသဖြင့် အားကိုးတစ်ခုရှိနေသလိုမျိုး အနည်းငယ် စိတ်ငြိမ်သွားကာ ခေါင်းကို အနည်းငယ်မော့လာလေသည် ။
" ချင်း.. ချင်းကော ကျွန်တော် အဖွဲ့နဲ့ ရုန်ခရိုင်ကို လိုက်လို့ရလားဟင် " သူက ချင်းရှီရှို့ ငြင်းပယ်မည်အား ကြောက်ရွံ့ ကာဖြင့် " ကျွန်တော် ဒီတိုင်းဘဲ လမ်းကြုံလိုက်မှာပါ ကျွန်တော့်ကို ကာကွယ်စရာမလိုပါဘူး .. အစာကျွေးစရာလဲ မလိုပါဘူး .. ကိုယ့်ဘာသာ ဂရုစိုက်ပါ့မယ် .. ချင်းကောတို့ကို အလုပ်မရှုပ်စေရပါဘူး "