Arc.12.1
1K 129 22
ပုံရိပ်ယောင်နယ်မြေ ..
အချိန်စီးဆင်းမှု - သာမန်ထက် 100 ဆ
ကြယ်တာယာပြက္ခဒိန် - ၃၀၄၂ ခုနှစ်
" မင်း ငါတို့ ကို အဲ့လိုလုပ်လို့မရဘူး .. မရဘူး .. " နာကျင်စွာ ရုန်းကန်နေသည့် လူတို့အား လစ်လျုရှုထားသည့် ပုဂ္ဂိုလ်တစ်ယောက် ။ သူတို့သည် ဤလူအား တစစီလုပ်ပစ်ချင်သည်အထိ မုန်းတီးသော်လည်း မတတ်နိုင် ။ သူတို့ဘဝက ဤလူ၏ လက်ထဲတွင်သာ ရှိသည်လေ ။
[ ဤကမ္ဘာတွင် နေထိုင်နိုင်သည့် အကန့်အသတ်ကို ရောက်ရှိပါပြီ .. ကျေးဇူးပြုပြီး တာဝန်ကမ္ဘာမှ ထွက်ပါ ]
ခွမ်း !!
လက်ထဲက ဖန်ခွက်ဟာ ဆုပ်ကိုင်ခံလိုက်ရသည့် အားကို မခံနိုင်တော့သဖြင့် တစစီကြေမွကာ ပျက်စီးသွားရသည်။ 
ကြယ်တာယာပြက္ခဒိန် - ၃၀၅၆ ခုနှစ်
သဘာဝလွန်နယ်မြေ
" နတ်ဆိုးကောင် .. မင်းက ကောင်းကင်နဲ့ မြေကြီးကို အလေးမထားဘူး .. လူတွေကို စိတ်ထင်တိုင်းသတ်တယ် .. တစ်နေ့ မင်း အပြစ်ပေးခံရလိမ့်မယ် "
ငရဲမှ အော်မြည်သံတွေဟာ နာကျည်းချက်အပြည့်ဖြင့် တွယ်တက်လာကြတယ် ။ သူတို့က ဒီလူကို ဘာမှမလုပ်နိုင်တဲ့အတွက် ပါးစပ်ကနေသာ သေအောင် ကျိန်ဆဲပစ်မည် ။
[ တာဝန်ကမ္ဘာမှ ထွက်ပါ ]
.
.
[ အချိန်အကန့်အသတ် ပြည့်ပါပြီ ]
.
.
[ ဇာတ်ကောင်သက်တမ်းကုန်ဆုံးပါတော့မည် ]
.
.
.
[ တာဝန်ကမ္ဘာမှ ထွက်ပါ ]
.
.
.
မြောက်မြားလှသော ကမ္ဘာများသည် သူ့လက်အတွင်း ဖျက်ဆီးခံရသည် ။ ရောက်ရှိခဲ့သော ကမ္ဘာပေါင်းများစွာမှာ သူသည် တာဝန်ပြီးဆုံးတာတောင် ချက်ချင်း ပြန်ထွက်ဖို့ အလိုမရှိချေ။ သူတို့ ပြန်တွေ့ ဦးမယ်ဆိုတဲ့ မျှော်လင့်ချက် တစ်မျှင်လေးကြောင့် တချိန်လုံး ရှာဖွေခဲ့ပေမဲ့ အစအနတောင် ရှာမရပါချေ ။
ဒီနှစ်များအတွင်း သူသည် ယခင်ကထက် ပိုအေးစက်လာသည် ။ ဟန်ဆောင်မှုကင်းမဲ့စွာ ရက်စက်လာသည် ။ အကျိုးအမြတ်မရှိဘဲနဲ့တောင် ဖျက်ဆီးပစ်တတ်တဲ့ အကျင့်တစ်ခု ရခဲ့သည် ။ ပြိုလဲပျက်စီးသွားတဲ့ လူတစ်ယောက် ဒါမှမဟုတ် အရာတစ်ခုကို တွေ့ တိုင်း သူ့ကိုယ်သူ ပြန်မြင်နေရသလိုဘဲ ။ ဖြစ်ခဲ့သမျှတွေကို အကြိမ်ကြိမ် ပြန်သတိရစေတယ် ။ သတိရတိုင်း သေလုအောင် နာကျင်ရတယ် ။ သူလက်နဲ့ ကိုယ်တိုင်လုပ်ခဲ့တဲ့ နောင်တရစရာတွေကို သူ မေ့လို့မဖြစ်ဘူး ။