ယောင်းဟန် ဂုတ်ပိုးမှ နာကျင်မှုနဲ့အတူ အသိစိတ်ပြန်ကပ်လာခဲ့သည် ။ သူ့လို စွမ်းအင်ရှိသူက ရိုက်ချက်တစ်ခုကြောင့် မေ့လဲသွားခဲ့လိမ့်မယ်လို့ လုံးဝမထင်ထားခဲ့ဘူး ။
" မင်းနိုးလာပြီဘဲ ! "
သတိထားတတ်သည့် အကျင့်ကြောင့် ယောင်းဟန် ချက်ချင်း ပြန်လည်တိုက်ခိုက်ဖို့သာ ပြုလုပ်မိသည် ။ ထိုအခါမှသာ သူ့ခြေလက်များမှာ လှုပ်မရဘဲ တုပ်နှောင်ခံထားရကြောင်း ရှာတွေ့သွားခဲ့သည် ။
" ဟုတ်ပြီ.. အသိစိတ်ပြန်ကပ်သွားပြီဆိုတော့ မေးခွန်းစမေးလို့ရပြီပေါ့ .."
ချိုးရှင်းဟယ် ပြောလိုက်သည်။ သူ့အသွင်က တည်ကြည်လေးနက်ပြီး တဖက်လူအား အရှိန်အဝါဖြင့် လွမ်းမိုးထားလေသည် ။ ယောင်းဟန်တောင်မှ ဖိအားကို ခံစားမိကာ ကြောက်ရွံ့ မှုသေးသေးလေးပေါ်လာသည် ။
ယောင်းဟန် : "..." ဒါပေမဲ့ ဘာလို့အဲ့လောက်အဝေးကြီးမှာ ရပ်နေတာလဲ ?
ယောင်းဟန်သည် အခန်းတောင့်တွင် ခုံတစ်ခုဖြင့် ချုပ်ခံထားရပြီး ချိုးရှင်းဟယ်မှာ အခန်းအဝင်တံခါးတွင် မှီကာရပ်နေတာဖြစ်သည် ။ သူတို့က အခန်းတွင်းရနိုင်သည့် အဝေးဆုံးအကွာအဝေးတွင် ရှိနေကြသည် ။ ယောင်းဟန်၏ မျက်ဝန်းများက နက်မှောင်သွားပြီး လူသတ်လိုစိတ်များ ချက်ချင်းမြင့်တက်လာသည် ။ ချိုးရှင်းဟယ်ရဲ့ အပြုအမှုက တချိန်က မျက်နှာပေါ် ရှိ အမာရွတ်ကြောင့် သူ့ အား အညစ်အကြေးလို ဆက်ဆံခဲ့တဲ့ ကလေးတစ်အုပ်စုနဲ့ တစ်ပုံစံထဲဘဲ ။
" မင်းဘာလို့ အဲ့အခန်းထဲရောက် ..."
ယောင်းဟန် : " ငါ့ကို သတ်လိုက် ! "
ချိုးရှင်းဟယ်မှာ ပြောရခက်မည့်ပုံပေါ်သည့် လူကြောင့် မျက်လွှာတို့ကို ခေတ္တမျှပိတ်လိုက်သည် ။ ရှီရှို့ ရှေ့သို့ ဤလူအား ဆွဲခေါ်သွားစဉ်က ကြောက်မက်ဖွယ်ရာ အငွေ့ အသက်အား သတိရလိုက်၍ မိမိရှေ့ကလူအား စကားပြောမည့်အစား မှတ်ဉာဏ်များသာ နူတ်ပစ်လိုက်ချင်ပါသည်။
သူက ချက်ချင်းတံခါးကို ဆွဲဖွင့်လိုက်ပြီး ကူကယ်ရာမဲ့စွာဖြင့် " ရှောင်ရှို့ မင်းကြည့် .. ကိုယ်က ဒီလိုစစ်မေးတဲ့နေရာတွေ မတော်ပါဘူးဆို .. "
YOU ARE READING
Romance" ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်လေးက စင်ပေါ်ကနေ ကန်ချပေးမယ် " " ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်လေးက စင်ပေါ်ကနေ ကန်ချပေးမယ် "