Arc.10.8
1.2K 205 8
ကုအိမ်တော်၏ အောက်ထပ်တစ်ခုလုံးကို အခမ်းအနားအတွက် အလှဆင်ထားခြင်းဖြစ်ကာ လှပသည့် မီးဆိုင်းများက အလင်းရောင်ပေးထားသည် ။ ဧည့်သည်များ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်လာပြီး အလျင်အမြန်ပင် စည်ကားသွားတော့သည် ။
" ဒီနှစ် ကုမိသားစုက တကယ်လွှမ်းမိုးနိုင်တာဘဲ .. လော့မိသားစု ကလူကိုတောင် ဖိတ်နိုင်တယ် "
" ကုမိသားစုက ခေါင်းဆောင်ပြောင်းသွားပြီးတော့မှ ဒီလိုအပြောင်းအလဲတွေ ဖြစ်လာတာလေ .. အခု ကုကျင်းဟန် ဆိုတဲ့ နာမည်ကို ဘယ်သူကများ မသိကြလို့လဲ .. ဒါပေမဲ့ လူကိုယ်တိုင်တွေ့ နိုင်ဖို့ ရှားပါးလွန်းတယ်.. အခုရောက်လာတဲ့ လူတွေထဲက အများစုက ကုကျင်းဟန်နဲ့ မျက်နှာချင်းဆိုင်တွေ့ နိုင်ဖို့ ရောက်လာကြတာကြီးဘဲ "
လူတချို့က ကုမိသားစု အခြေအနေကို လေ့လာသုံးသပ်နေကြသည် ။ ထိုထဲက တစ်ယောက်က ဝင်ပြောလိုက်လေသည် ။
" ဒါဆို .. ခေါင်းဆောင်ကုက ဘယ်မှာလဲ "
သူတို့ ဆွေးနွေးနေဆဲမှာပင် အသံများ တဖြည်းဖြည်း တိုးကျလာလေသည် ။ တစ်ခုတည်းသော ပဲ့တင်သံက လှေကားမှ ဆင်းလာသည့် အသံတစ်ခုတည်းသာ ။
အနက်ရောင်အနောက်တိုင်းဝတ်စုံနှင့် ကုကျင်းဟန်သည် အာရုံဖမ်းစားနိုင်လွန်းသည် ။ သူသည် စီးပွားရေးသမားတစ်ယောက်၏ အငွေ့ အသက်ရှိနေသလို အနုပညာရှင်တစ်ယောက်လိုမျိုး တောက်ပသည့် အရှိန်အဝါလည်း ရှိနေသည်။ 
ပွဲထဲတွင်ရောက်နေသည့် အနုပညာရှင်တချို့ပင် ကုကျင်းဟန်နှင့် ယှဉ်လျှင် မှေးမှိန်သွားရသည် ။ လူများ၏ အာရုံကို ကုကျင်းဟန်ယူသွားစဉ် ပိုင်လင်က မည်သူမှ သတိမထားမိခင် ဒုတိယထပ်မှ တန်းတန်းမတ်မတ်ဆင်းလာလေသည် ။
ကုမိသားစုအိမ်မှ ထွက်လာခြင်းကို မမြင်လိုက်သည့်အတွက် ပိုင်လင်သည် အခြားသူများနည်းတူ အာရုံစိုက်စရာသိပ်မဖြစ်တော့ချေ ။ သူက ဖိတ်စာစစ်နေသည့် နေရာသို့ ဦးစွာ သွားလိုက်ပြီးမှ မည်သူမှ မသိခင် ပြန်လာခဲ့သည် ။
ဤတကြိမ်တွင်တော့ သူသည် သတိထားမနေဘဲ ကုကျင်းဟန် အနားတွင် တိုက်ရိုက် ထိုင်နေခဲ့သည် ။ ကုကျင်းဟန်၏ အမှုအရာက အနည်းငယ် တွန့်သွားရသည် ။ ပိုင်လင်က လူများတဲ့နေရာ‌တွေကို မကြိုက်ဘူး မဟုတ်လား ။ ဘာကြောင့် ဤနေရာတွင် လာထိုင်နေရသနည်း ။