Arc.11.5
784 159 24
လွန်ခဲ့‌သော နာရီ အနည်းငယ်က
မုလျန်ခဲ့ ထွက်သွားပြီးနောက် အနည်းငယ် စိတ်အခြေအနေကောင်းလာသည့် လီကျန်းသည် ရေမိုးချိုးအဝတ်စားလဲကာ ညစာသွားစားရန် အတွေးရှိခဲ့သည် ။ သူက ရေချိုးပြီးသည့် အချိန်အထိ စိတ်ကောင်းဝင်နေခဲ့ပြီး မကောင်းသည့် သရဲမကြီးက သူ့စိတ်ကို မစိုးမိုးတော့ ။
ကျွီ!! ကျွီ၊!! ကျွီ!!
အဝတ်ဗီရိုရှေ့တွင် အဝတ်အစားလဲနေသည့် လီကျန်း၏ လှုပ်ရှားမှုတို့က ရပ်သွားကာ နောက်သို့ ဆတ်ခနဲ လှည့်ကြည့်လိုက်သည် ။ တစ်ယောက်ယောက်က ကုတင်အား ခါယမ်းသွားခဲ့သလိုမျိုး ကုတင်သည် အနည်းငယ်အသံမြည်ကာ ရပ်သွားခဲ့သည် ။
လီကျန်း မူမမှန်တော့သည်ကို ခံစားမိကာ အလျင်အမြန်အဝတ်အစားလဲရန် တဖက်သို့ ပြန်လှည့်လိုက်ပါ၏ ။
ဟူး!!!
အေးစက်စက်လေအား မျက်နှာတည့်တည့် အမှုတ်ခံလိုက်ရသဖြင့် မြင်ကွင်းက တစ်စက္ကန့်လောက် ဝေဝါးသွားပေမဲ့ သူက အဝတ်ဗီရိုထဲ ညှပ်နေသည့် အရာကို ရှင်းရှင်းလင်းလင်းကို မြင်လိုက်ရပါသည် ။
ခေါင်းတစ်ခု ! တိတိကျကျဆိုရရင် အမျိုးသမီးခေါင်းတစ်ခု !
အမျိုးသမီး၏ ဆံနွယ်များသည် မျက်နှာရှေ့ကျနေပြီး ထိုဆံနွယ်များမှ ကျနေသည့် ရေစက်တို့က ခဏလေးအတွင်းမှာပင် ဗီရိုရှေ့တွင် အိုင်သွားလေသည် ။ သူမသည် မျက်နှာကို ဖြည်းဖြည်းချင်းမော့လာပြီး လီကျန်းအား ပြုံးပြလာသည် ။
ထပ်ပြီး...ဤထူးဆန်းသည့် ကြောက်မက်ဖွယ်ရာအပြုံးကြီး !!
ဒီလို ခြောက်ခြားဖွယ်ရာအတွေ့ အကြုံကို ရရှိခဲ့ဖူးပြီးသား လီကျန်း၏ တုန့်ပြန်မှုက အတော်လေးမြန်ဆန်လေသည် ။ သူက အော်ဟစ်နေဖို့ပင် မလုပ်တော့ဘဲ အခန်းအပြင်သို့ အသက်လုနေရသည့် သူပမာ ပြေးထွက်သွားတော့သည် ။
သူက လျှောက်လမ်းအတိုင်းပြေးလွှားနေပေမဲ့ ဤလျှောက်လမ်းက အဆုံးမရှိသည့်အတိုင်း သူက နေရာတွင် လည်နေသည် ။ သူက ပြေးရတာမောလာတာကြောင့် ခြေလှမ်းကို ရပ်လိုက်ချိန် သူနဲ့ လေးငါးလှမ်းအကွာတွင်ရပ်‌ကာ ပြုံးပြနေပြန်သည့် အမျိုးသမီးကြောင့် တစ်ဖန်ထပ်ပြေးရပြန်သည် ။