Arc.11.25
478 109 5
စုမုန့်ရဲ့ ရုတ်တရက်ပေါ်ပေါက်လာမှုက ဘေးနားလေးက လူတွေအားလုံးကို အံ့အားသင့်သွားစေသည် ။ သူမက လက်ကို ပြန်ဆွဲထုတ်လိုက်သည့်အခါ ရှန်းမော့ယင်း အနည်းငယ် ယိုင်သွားပေမဲ့ မျက်နှာအနေအထားကတော့ အကောင်းတိုင်းပင် ။
သူက နည်းနည်းတောင် နာကျင်သွားပုံမပေါ်ပေမဲ့ မြူခိုးထဲက ဝေဝေဝါးဝါး မုလျန်ခဲ့ရဲ့ မျက်နှာဟာ ဒေါသကြောင့် အေးစက်နေတော့သည် ။ သူ့ပါးစပ်ကနေ ' စကားနားထောင် ' ဆိုတဲ့ စကားလုံးကိုသာ အကြိမ်တစ်သောင်းလောက် ရွတ်မနေခဲ့ရင် သူက သားရဲတစ်ကောင်လို အသိစိတ်လွှတ်သွားလောက်တယ် ..
" ဟမ့် .. နင်က တကယ် အံ့ဩဖို့ကောင်းတာဘဲ .. ဒါပေမဲ့ ငါ့လက်ထဲမှာ ပျက်စီးရတာပါဘဲ " သူမ မျက်နှာက ပန်းတွေပွင့်နေသလိုမျိုး ကျေနပ်မှုရောင်ခြည်သန်းနေ၏ ။
" မုန့်မုန့် .. မင်းဘာမှမဖြစ်ဘူး .. မင်းပြန်လာပြီ " လီကျန်း နာကျင်မှုကို လစ်လျုရှုလျက် မျက်နှာထက်တွင် အေးစက်မှုများ ကွာကျကာ စိတ်သက်သာရာ ရသွားသလို အပြုံးလေးပေါ်လာသည် ။
စုမုန့် သူမ ခြေထောက်နားတိုးလာသည့် ရုပ်ပျက်ဆင်းပျက် လီကျန်းအား အားပြင်းပြင်းဖြင့် ကန်ပစ်လိုက်သည် ။ " အသုံးမကျတဲ့ကောင် .."
လှောင်ပြောင်မှုတွေ ပြည့်နေတဲ့ သူမ အသံက ကန်ချက်ထက်ပင် လီကျန်းကို နာကျင်စေသည့်တိုင် သူဟာ အထင်လွဲမှားမှုတစ်ခုဟုသာ မှတ်ယူလိုက်တယ် ။ သူ့နှလုံးသားထဲက သူမပုံရိပ်ဟာ အမြဲတမ်း နှစ်လိုဖွယ်ကောင်းပြီး မြတ်နိုးစရာကောင်းတယ် ။
" ကိုယ်တစ်ခုခု အမှားလုပ်မိလို့လား .. ဒါဆို ကိုယ်တောင်းပန်ပါတယ် .. စိတ်မဆိုးနဲ့တော့နော် "
စုမုန့်သည် သူ့အား အာရုံစိုက်ရန် အလွန်ကို မလိုလားပုံပေါ်ကာ သူမက ရှန်းမော့ယင်း ထံသို့သာ လှည့်လိုက်သည် ။
[ သတိပေးချက် ! သတိပေးချက် ! အနှောက်အယှက်လှိုင်းများ တွေ့ ရှိပါသည် ]
[ သတိပေးချက် ! သင်၏ ID သည် ပယ်ဖျက်ခြင်း ခံနေရပါသည်
နောက်နာရီဝက်အတွင်း အနှောက်အယှက်လှိုင်းများအား မဖယ်ရှားပါက ID သည် ပယ်ဖျက်ခြင်းခံရကာ လက်ရှိကမ္ဘာပရိုဂရမ်မှ တွန်းထုတ်ခြင်း ခံရပါမည် ။ ပရိုဂရမ်သည် မူလ ယဲ့နန် အား ပြန်လည်ဖန်တီးကာ သင်သည် ဖယ်ရှားခြင်း ခံရပါမည် ]