Arc.12.8
543 97 24
နောက်တစ်‌နေ့ တွင် ရှပေါင်မှာ အလွန်ကြောက်ရွံ့ သော်ငြား စပ်စပ်စုစုဖြင့် တိတ်တိတ်လေးရှာဖွေကြည့်မိသေးသည်ပင် ။ ညက အရိပ်လောက် အရပ်ရှည်သည့် သူများမှာ မရှိတာကြောင့် သူများ အမြင်မှားသလားဟု ထင်မိလိုက်သည် ။
" နန်ကျဲ .. ရုန်ခရိုင်ကို ကျွန်တော် လိုက်လို့ ရလောက်‌လားဟင် .." သူက စာအုပ်ဖတ်နေသည့် အမျိုးသမီးလေး အနားသို့ သွားရင်း မဝံ့မရဲမေးလေသည် ။ သူတို့သည် ယခု တခြားမြို့ကို နောက်ထပ်ခရီးဆက်နေပြီဖြစ်ပြီး ချင်းရှီရှို့က ကားထဲတွင်သာ အနားယူနေကာ အားလုံးက ကိုယ်ပိုင်ကျွမ်းကျင်မှုကို ထုတ်ပြလာကြသည် ။ ရှပေါင်သည် ယခင်က သူ့ကို ဖမ်းခေါ်ခဲ့သည့် လူများနဲ့ အလွန်ကွာခြားတာကို သိရှိခဲ့သည် ။
မဟုတ်ဘူး ... သူတို့က နှိုင်းယှဉ်စရာတောင် မလိုပါချေ ။
ဤအဖွဲ့မှာ အမှန်တကယ် ကျွမ်းကျင်သူများနှင့် ပြည့်နေလေသည် ။ ချန်မင်မှာ တိုက်ခိုက်လေ့မရှိသော်လည်းသူသည် အချက်အလက်စီးဆင်းမှုကို ထိန်းချုပ်ထားကာ သူတို့အား လမ်းမှန်ကို ရွေးချယ်နိုင်စေကာ အခက်အခဲကို များစွာ လျော့ကျပေးသည် ။ အနည်းငယ် စကားများပုံရသည့် ဝမ်ဟန်တွင် ကောင်းမွန်သော ကိုယ်ခံအားရှိပြီး သူက ပစ္စည်းများ တပ်ဆင်ရာတွင် အလွန်တော်သည် ။ ပြီးနောက် အပစ်အခတ်လည်း ရသေးသည် ။
အစ်မရှောင်နန်သည် ဆရာဝန်တစ်ယောက်ဖြစ်သည့်အပြင် သူမရဲ့ အန္တရယ်အား အာရုံခံနိုင်စွမ်းက အလွန်မြင့်သည် ။ နောက်ထပ် အဖွဲ့ထဲတွင် ဟုန်ရှား ဟုခေါ်သော ‌အမျိုးသမီးမှာ အလွန်လက်ဖြောင့်သည့် စနိုက်ပါသမား တစ်ယောက်ဖြစ်လေသည် ။ သူမသည် စကားပြောရတာ မကြိုက်သော်လည်း အပြုအမှုတချို့ဖြင့် ရှပေါင် အား ဂရုတစိုက်ရှိကာ ရှပေါင် က သူမအား အလွန်သဘောကျလေသည် ။
အဖွဲ့ထဲတွင် ထူးချွန်သူများပြည့်နှက်နေပြီး သူက အပိုဝန်ထုပ်ဖြစ်လာမှာကို သိပေမဲ့ သူက မျှော်လင့်ချက်လေးဖြင့် တောင်းဆိုမိသေးသည် ။ ယနေ့အထိ သူကြုံခဲ့ရတဲ့ အရာတွေကြောင့် သူက စိတ်ဒဏ်ရာ ရလုနီးပါးပင် ။ သူ့မိဘတွေကိုသာ ထည့်မတွက်ဘူးဆိုရင် သူ့ကိုယ်သူ ဇွန်ဘီအစာ အဖြစ်ခံခဲ့သည်မှာ ကြာမြင့်လှသည့် အချိန်ကတည်းက ဖြစ်လိမ့်မည် ။