Arc.12.6
669 117 20
" လောင်တ .. စတိုးထဲမှာ ဇွန်ဘီ နှစ် ကောင်ရှိတယ် .. အကုန်ရှင်းလိုက်ပြီ "
အဖွဲ့သားလေးတစ်ယောက်က တိုးညင်းစွာ အကြောင်းကြားလာပြီးနောက် ရိက္ခာထည့်ရန် ထွက်သွားတော့သည် ။ သူသည် လေလိုမြန်ဆန်ကာ ချက်ချင်းရောက်လာပြီး ချက်ချင်းပြန်ထွက်သွားလေသည် ။ သူက အရမ်းကြောက်နေသေးတာ သိသာသည် ။
ချိုးရှင်းဟယ် : လောင်တ ??( အစ်ကိုကြီး )
ခပ်နိမ့်နိမ့်ရေရွတ်လာသည့် အသံကြောင့် ချင်းရှီရှို့မှာ ချောင်းထဆိုးမိတော့မလိုပင် ။ သူက ချိုးရှင်းဟယ်၏ လက်ဖဝါးအား လက်ချောင်းလေးဖြင့် အသာကုတ်ခြစ်လိုက်ရင်း ရှက်ရွံ့ စွာပြော၏ ။
" ဒါက လူငယ်တွေကြားက ရင်းနှီးတဲ့အခေါ်အဝေါ်တစ်ခုပါဘဲ ..."
အခုချိန်မှာ ဒီအခေါ်အဝေါ်က သူ့ကို လမ်းဘေးက လူဆိုး‌ဂိုဏ်းလေးတစ်ခုရဲ့ ခေါင်းဆောင်လိုမျိုး ခံစားရစေသည် ။ တည်ငြိမ်သည့် သူ့ချစ်သူရှေ့တွင် ဒါက ကလေးဆန်ပြီး ရှက်စရာဘဲ ... ။
ချိုးရှင်းဟယ်မှာ သဘောတကျ ဖွဖွလေးပြုံးလျက် သူ့မျက်ဝန်းများက ပျော့ပြောင်းကာ နူးညံ့နေ၏ ။ " မင်းက အရမ်းအသက်ကြီးတဲ့ ပုံစံမျိုးနဲ့ ပြောနေတာဘဲ .. ဒါဆို ..ကိုယ်က မင်းကို .."
" ကောကော .. လို့ ခေါ်ရမလား "
သူက ချင်းရှီရှို့ နားအနားသို့ ကပ်ကာ အသံနိမ်နိမ့်လေးဖြင့် ဆိုသည် ။ ခါတိုင်းလိုဘဲ သူ့အသံက တည်ငြိမ်ရှင်းလင်းနေတာကြောင့် စနောက်နေသည်ဟုပင် မထင်ရပေ ။
ခပ်ဩဩ စကားသံလေးနဲ့ ‌လေအေးလေးများ ရိုက်ခတ်ခံရသည့် နားရွက်လေးမှာ ချက်ချင်း နီရဲလာ‌လေသည် ။ ချင်းရှီရှို့မှာ ‌ပူနွေးလာသော သူ့မျက်နှာအား ဖြုတ်၍သာ ထားလိုက်ချင်တော့သည် ။ သူ့နားလေးမှာ တဖက်လူရဲ့ " ကောကော " လို့ခေါ်သံသာ ကြားရလောက်အောင် ကန်းသွားချေပြီ ။
ချိုးရှင်းဟယ် မှာ ရှက်ယမ်းယမ်းကာ ဇွတ်ဝင်သွားသော သူကြောင့် လည်ပင်းမှာ ဆောင့်ဆွဲခံလိုက်ရသလို တရွတ်တိုက်ပါသွားတော့သည် ။ ' ရည်းစားထားရတာ မလွယ်ကူလိုက်တာ ဟူး... '