Arc.11.14
671 128 22
ရှန်းမော့ယင်း မုလျန်ခဲ့ အဝေးရောက်သွားသည်ကို အတည်ပြုပြီးနောက် အနက်ရောင်အခိုးအငွေ့ ထဲ ခုန်ဝင်လိုက်‌တော့သည် ။
သူရောက်နေသည့် ကမ္ဘာပရိုဂရမ်သည် အဆင့်မြင့်ဖြစ်တာကြောင့် သူ့ရဲ့ ကုဒ်တွေထဲမှာ ထူးခြားသည့် လုပ်ဆောင်နိုင်စွမ်းတချို့ရှိနေသည် ။ ကုဒ်များက ပိုအဆင့်မြင့်လာတာနဲ့ ပရိုဂရမ်တစ်ခုဖြစ်လာနိုင်ပြီး နေရာလွတ်များ ပိုင်ဆိုင်လာနိုင်သည် ။ အဲ့ဒီနေရာလွတ်တွေကနေ ကမ္ဘာ့ပရိုဂရမ်များ ဖြစ်နိုင်သည်အထိ အဆင့်မြင့်နိုင်သည် ။
ထိုကြောင့် ပရိုဂရမ်များမှာ အချင်းချင်း ချိတ်ဆက်သွားပြီး ရှုပ်ထွေးသော်လည်း စနစ်ကျသည့် ကွန်ရက်တစ်ခုကို ဖန်တီးနိုင်ခဲ့သည် ။ ဒါက အလိုအလျောက် အဆင့်မြင့်ခြင်းလုပ်ဆောင်ချက်၏ အကျိုးသက်ရောက်မှုဖြစ်သည် ။
အဲ့ဒီ လုပ်ဆောင်ချက်အသက်ဝင်စေဖို့ စွမ်းအင်မှာ လူသားများ၏ အသက်အရင်းအမြစ်ဖြစ်သည် ။ ထိုအသက်အရင်းအမြစ်သည် လုပ်ဆောင်ချက်အား အသက်ဝင်စေရုံသာမက AI များ ကို လူသားများသဖွယ် ခံစား‌စေနိုင်သည် ။ အပြင်ကမ္ဘာရှိ လူများမှာ ဒီပုံရိပ်‌ယောင်ထဲဝင်ဖို့ သူတို့အသက်အရင်းအမြစ် အမျှင်တန်းကို ပေးချေရသည် ။ ဒါတွေက ရှင်သန်ခြင်းအမှတ်တွေ ဖြစ်လာသည် ။
ကမ္ဘာတစ်ခုအတွက် ရှင်သန်ခြင်းအမှတ်တစ်မှတ်‌ပေးချေရခြင်းဖြစ်သည်။ ပေးချေပြီးတာနဲ့ သူတို့က မတူညီတဲ့ကမ္ဘာတွေမှာ ဘဝအသစ် ကို ခံစားနိုင်သည် ။ အဲ့ဒီကမ္ဘာတွေမှာ သူတို့က ဘဝအတွေ့ အကြုံကို သင်ယူနိုင်သလို ၊ ပညာရပ်မျိုးစုံကိုလည်း သင်ယူနိုင်ကြသည် ။
ဒါပေမဲ့ မျှချေကို ထိန်းသိမ်းနိုင်ဖို့ ကမ္ဘာတစ်ခုမှာ ထူးခြားမှုတစ်ခုသာ ကန့်သတ်ထားခဲ့သည် ။ ရှင်သန်ခြင်းအမှတ်များက အလွန်အရေးကြီးသည် ။ အမျှင်တန်းတစ်မျှင်လေးဆိုပေမဲ့ သူတို့သက်တမ်းကို ဆယ်နှစ်လောက် လျော့ကျသွားစေနိုင်သည် ။
သက်တမ်းတိုးနိုင်သောပစ္စည်းကောင်းလေးများရှိပေမဲ့ ဒါက လူတိုင်းတတ်နိုင်ကြတာ မဟုတ်ပေ ။ အဲ့လိုဆိုရင်တောင် တစ်ယောက်ချင်းစီက တစ်ခုတော့ ပေးဖို့ဆန္ဒရှိနေကြတုန်းဘဲ ။ ကိုယ့်ဘဝကိုယ် အားမရသူတွေ ၊ ဘဝအသစ်စဖို့ ဆန္ဒရှိသူတွေ ၊ တခြားဘဝတစ်ခုကို တွေ့ ကြုံခံစားလိုသူတွေ .. စတဲ့ လူအမျိုးမျိုးက ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ပုံရိပ်ယောင်လောကထဲကို ရောက်လာခဲ့ကြသည် ။