Arc.12.33
291 66 11
" ဘာလို့လဲ ? ဘာဖြစ်လို့ အစောင့်တွေရှိမနေတာလဲ ? မဟုတ်မှ ဒီစာတမ်းကို တင်တဲ့သူက အစောင့်မဟုတ်ဘဲ အစောင့်တွေကို သတ်သွားတဲ့သူလား ? "
" ဒီမှာ အပြင်နဲ့ ဆက်သွယ်လို့ရတဲ့ လမ်းကြောင်းကို လည်း ဖျက်ဆီးသွားတယ် ။ အဲ့လူက ခိုးဝင်သူ ဖြစ်နိုင်တယ် "
" နန်ကျဲ! အဲ့ဒါ အစ်မပြောတဲ့ကောင်တွေ လုပ်တာဖြစ်နိုင်လား ? "
ရှောင်နန်၏ ကျိုးပဲ့နေသော အုပ်ချပ်လေးအား ကြည့်နေသော အကြည့်များမှာ မာထန်နေ၏ ။ သူမ ရခဲ့တဲ့ အချက်အလက်က အလကားဖြစ်သွားလေပြီ ။ သူမ တိုက်ခိုက်ခဲ့ပုံရသော သဲလွန်စများကို စစ်ဆေးလိုက်ရင်း
" အချက်အလက်တွေကို တမင်တင်လိုက်တာဘဲ ။ မြန်မြန် လူစုခွဲမယ် ။ ငါတို့ သရုပ်မှန်တွေ ပေါ်သွားရင် ဒုက္ခရောက်လိမ့်မယ် "
ဒုန်း!!!
အဝင်တံခါးမှာ အလိုအလျောက်ပင် ပိတ်ကျသွားလေသည် ။
" ငါတို့ကို ထောင်‌ချောက်ဆင်ချင်တာလား ? ကွာခြားချက်ဘယ်လောက်ရှိလဲ မသိတဲ့ အရူးတွေ .. ဟွမ်စု မင်းရဲ့ skill ကို သုံးလိုက် "
ဟွမ်စုသည် သော့ဖျက်ခြင်း လုပ်ဆောင်ချက်အား ယူခဲ့သူဖြစ်ပြီး ကမ္ဘာကြီးတွင် သူ့အား ပိတ်လှောင်ထားနိုင်သည့် နေရာမရှိချေ ။
သူတို့က တံခါးဖွင့်ဖို့ ကြိုးစားမည်ကြံရွယ်ချိန်တွင် လေးဘက်လေးလံမှ နံရံတို့သည် ပန်းပွင့်ချပ်ကဲ့သို့ ပွင့်အာလာလေသည် ။ ခုနက တံခါး၏ အနောက်တွင်လည်း ထွက်ခွာနိုင်သည့် လမ်းကြောင်းတို့ မရှိတော့ချေ ။
ဘုတ်!
အရုပ်ကျိုးပြတ်သကဲ့သို့ အလောင်းတစ်လောင်းသည် လူအုပ်အလယ်သို့ ပြုတ်ကျလာခဲ့၏ ။
" အစ်ကိုကျစ်ဝေး!! .. သူ ဘယ်လိုလုပ် .. သူ့မနက်ကတင် တာဝန်တစ်ခုပေါ်လာလို့ဆိုပြီး ထွက်သွားခဲ့တာလေ "
" နည်းပညာရှင်တစ်ယောက်ကိုသတ်ရုံလေး အရမ်းလွယ်တယ်လို့တောင် ပြောသွားသေးတယ် "
" သူ့မှာ သန္ဓပြောင်းဇွန်ဘီ တပ်ဖွဲ့ရှိတယ်လေ .. ဘယ်သူက သူ့ကို သတ်နိုင်မှာလဲ "