Arc.10.Extra 3
999 153 33
ရွမ်းရီသည် သူ့ကိုယ်သူ အဆုံးသတ်ပြီးသည်နှင့် ရောက်လာမည့် အမှောင်ထုအား နေသားကျဖို့ရန် ခဏသာကြာလိုက်သည် ။ သူသည် ဤနေရာသို့ ဖြတ်ကျော်ရသည်မှာ ဖြစ်ရိုးဖြစ်စဉ်တစ်ခုကဲ့သို့ပင် ။ ကိုယ့်လက်ကိုတောင် ပြန်မမြင်နိုင်ရလောက်အောင် အမှောင်ထုက ဖုံးလွှမ်းထားသဖြင့် အချိန်ကြာလေလေ နေထိုင်သူ၏ စိတ်ဓာတ်ကို ပျက်ပြားစေလေလေဖြစ်ပေမဲ့ သူ့အတွက်တော့ မလုံလောက်သေးပါဘူး ။
အဆုံးတွင် သူမြင်တွေ့ ချင်တဲ့သူ ရှိနေသရွေ့ အရာအားလုံး သူ့ဘာသူ အ‌ဆင်ပြေသွားလိမ့်မည် ။
ရွမ်းရီ အမှောင်ထုအား ဖြတ်ကျော်ရန် ခြေစလှမ်းလိုက်ချိန်တွင် သူ့ဘယ်ဘက်ရင်အုံမှ အနီရောင်အလင်းတစ်စက ထွန်းလင်းလာသည် ။ အနီရောင်သလင်းလေးသည် စွမ်းအင်ပြည့်ဝစွာထွန်းလင်းနေကာ အမှောင်ထုအတွင်း အလင်းပေးနေ၏ ။
ဤအရာသည် ထူးခြားသည့်သလင်းတစ်စလို့ သူက ယုံကြည်ချင်ပေမဲ့ ထိုအရာအပေါ်တွင် ရှိနေသည့် သွေးကြောကဲ့သို့ အမျှင်တန်းလေးတွေကို သူက မြင်နေရသဖြင့် ကြောက်မက်ဖွယ်အတွေးတစ်ခုက သူ့ခေါင်းအတွင်းဝင်လာသည် ။
' ဒါက နှလုံးအပိုင်းအစတစ်ခုလား ?? '
[ အခြေအနေအသိပေးချက် : ထူးဆန်းသည့် စွမ်းအင်လှိုင်းကြောင့် သင်၏ စိတ်ဝိညာဉ်ဖြစ်ပေါ်လာနိုင်သည့် ရာခိုင်နှုန်း ၉၀% ဖြစ်သည် ]
[ အခြေအနေအတည်ပြုခြင်း : စိတ်ဝိညာဉ်ဖန်တီးခြင်း လုပ်ဆောင်လိုပါသလား ။ * ရရှိသောစိတ်ဝိညာဉ်ကြောင့် သင်သည် လူသားဖြစ်နိုင်ချေ ၃၀% ရှိသည် ]
မထင်မှတ်ထားသည့်အခြေအနေကြောင့် ရွမ်းရီ အံ့အားသင့်ပျော်ရွင်မိသွားပေမဲ့ သူက သတိကပ်ထားသေးသည် ။ ဒီလိုအရာမျိုးကို သူ့လိုဖြစ်တည်မှုလေးက ရနိုင်သည့်အခြေအနေမရှိပေ ။ သူတွေးလို့ရသည့် တစ်ခုတည်းသောအရာက သူ့ချစ်သူကြောင့်ဆိုတာသာ ။
ဒါကြောင့်မို့ အရင်ကမ္ဘာမှာတုန်းက မြန်မြန်ထွက်သွားလိုက်ရတာဖြစ်နိုင်သည် ။ ရွမ်းရီ ၏ မျက်နှာကအမှုအရာကင်းမဲ့နေကာ မျက်ဝန်းတို့က မှေးမှိန်သွားသည် ။