Arc.10.11
924 129 24
ကြီးမားစွာ ခြောက်လှန့်ခံလိုက်ရသည့် ရှောင်နန်သည် အဆက်မပြတ် ပြန်ဖို့ကိုသာ ပြောနေပြီး တခြားသူများကို စိတ်အနှောက်အယှက်ဖြစ်စေသည် ။ မည်သူမျှ သူမစကားကို အလေးမထားကြဘဲ ဖျော်ဖြေပွဲကြောင့် စိတ်ဖိစီးကာ ကယောင်ခြောက်ခြား ဖြစ်သည်ဟုသာ ဆိုကြသည်။
ရှောင်နန် မုလျန်ခဲ့၏ လက်အား မလွတ်ရဲဘဲ တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားတာကိုကြည့်ရင်း တခြားကျောင်းသူများက မနာလိုဝန်တိုစွာဖြင့် သူမအား ဇာတ်လမ်းဆင်နေသည်ဟုပါ ပြောကြတော့သည် ။
ရှောင်နန် မုလျန်ခဲ့အား ခေါင်းတစ်ခါခါဖြင့် သူမ အဲ့လိုမဟုတ်ဘူးဆိုတာကို ရှင်းပြရသည် ။ မုလျန်ခဲ့သာ ထွက်သွားလျှင် သူမအနားတွင် မည်သူမျှရှိတော့မှာ မဟုတ်ပေ
ထိုကြောက်စရာမိန်းမကြီးက ထပ်ထွက်လာနိုင်သည် ..
သူမအသက်ကို လာနုတ်တာတောင် ဖြစ်နိုင်သေးတယ်
မုလျန်ခဲ့ အနည်းငယ်တည်ငြိမ်သည့် ကျောင်းသူ ဝမ်စူးစူးအား စောင့်ခိုင်းထားခဲ့ပြီးမှ သေချာဖြောင်းဖြကာထွက်လာခဲ့ရသည် ။ သူက မည်သူမှ မရှိသည်ကို သေချာအောင် တစ်ချက်ကြည့်လိုက်ပြီးမှ ချီတုံချတုံဖြစ်စွာဖြင့် ရေရွတ်လိုက်သည် ။
" သူမအနားမှာ တကယ်အဲ့လိုအရာမျိုး ရှိနေလား "
ရှန်းမော့ယင်း : ရှိတယ် ..
ရှန်းမော့ယင်း၏ အသံမှာ နည်းနည်းလေးတောင် စိတ်ပါဝင်စားမှုရှိပုံမပေါ်ပေ ။
ရှန်းမော့ယင်း : ငါမင်းကို အကြွေးတင်နေသေးတယ် .. ဒီကိစ္စအတွက် မင်းငါ့ကို တောင်းဆိုနိုင်တယ် ..
မုလျန်ခဲ့ ထိုစကားအား လစ်လျုရှုလိုက်ကာ တည်းခိုဆောင်တစ်ခုလုံးအား မွေနှောက်ရှာဖြွေခင်းကို စတင်လိုက်တော့သည် ။ ရှန်းမော့ယင်း၏ ပုံရိပ်က မုလျန်ခဲ့ အနီးအနားတွင် ပေါ်ထွက်လာကာ အလုပ်ရှုပ်နေသည့် မုလျန်ခဲ့အား ကြည့်ရင်း နားမလည်နိုင်ဖြစ်နေသည် ။
သူ့ကို အကူအညီတောင်းလိုက်ရင် မြန်မြန်ပြီးမဲ့ကိစ္စကို ဘာကြောင့် ငြင်းဆန်လိုက်လည်း မတွေးနိုင်ခဲ့ချေ ။