Arc.12.17
491 90 15
" ငါလုပ်တာမဟုတ်ဘူး .. ငါလုပ်တာမဟုတ်ဘူးလို့ .. " ရှရွယ် ရုန်းကန်ရင်း သူမအား တုပ်နှောင်ထားသည့် ကြိုးများအား လျော့ရဲသွားစေရန် ပြုလုပ်နေသည် ။ သူမ အခန်းအား ဝင်ရှာနေသော သူများအား ကြည့်ရင်း အော်ဟစ်နေသည်မှာ သူမအသံအား ခံတပ်တစ်ခုလုံးကြားနိုင်လုနီးပါးပင် ။
" ‌တစ်လက်မတောင်မကျန်စေနဲ့ အကုန်ရှာ " စုန့်ကျိုး အခန်းတွင်းသို့ ဝင်ရောက်လာကာ ရှရွယ်အား တစ်ချက်ပင်မကြည့်ဘဲ အမိန့်ပေးလိုက်သည် ။
" ကျိုး.. ကျွန်မအပေါ်ဘာလို့ ဒီလိုလုပ်ရတာလဲ ? ဘာလို့လုပ်ရက်ရတာလဲ ? ကျွန်မတို့က ချစ်သူတွေလေ ... " ရှရွယ်သည် မယုံကြည်နိုင်ဆဲ ။ သူမ လိမ်ထားတာ‌ပေါ်သွားခဲ့တယ်ဆိုရင်တောင် သူတို့အတူတကွ ဖြတ်သန်းလာခဲ့တဲ့ သေခြင်းရှင်ခြင်းတွေက အတုမဟုတ်ခဲ့ဘူး ။ ‌ပူနွေးသောမျက်ရည်တို့က သူမ ပါးပြင်ပေါ်သို့ လိမ့်ဆင်းလာခဲ့သည် ။
" ကျွန်မက ရှင်ချစ်ရတဲ့သူလေ .."
စုန့်ကျိုး သည် ထိုစကားကြောင့် တစ်ချက်မျှ လှည့်ကြည့်လာသည် ။ " မင်း မဟုတ်ဘူး .. မင်းက လူလိမ်တစ်ယောက်ဘဲ ။ မင်းက ငါ့ကို လိမ်ယုံတင်မကဘူး သူ့ကိုပါ ထိခိုက်အောင် လုပ်ခဲ့တာ .. "
ရှရွယ် သူမ ရှပေါင်ကို ထိခိုက်အောင်မလုပ်ခဲ့ဘူးဟု ရှင်းပြချင်သော်လည်း ရှာဖွေရေးအဖွဲ့သားတစ်ယောက်၏အော်သံက အခန်းတွင်း ထွက်ပေါ်လာသည် ။
" ရှာတွေ့ ပြီ .. ရှာတွေ့ ပြီ .. ဗိုလ်ချုပ် ဒီမှာ သွေးစွန်းနေတဲ့ ဓားတစ်ချောင်းနဲ့ မီးရှို့ထားတဲ့ အဝတ်တွေ "
ကြီးမားသော တုန်လှုပ်မှုကို ရှရွယ်ခံစားလိုက်ရသည်။  သူမ တစ်စုံတစ်ယောက်ရဲ့ ထောက်ချောက်အတွင်းကျသွားပြီဆိုတာသိလိုက်သည်။ " မဟုတ်ဘူး .... ငါ့ဟာမဟုတ်ဘူး အဲ့ဒါတွေက ငါ့ဟာ မဟုတ်ဘူး ။ ကျိုး .. ငါ့ကိုယုံပါ .. ငါမလုပ်ဘူး .. ငါတကယ် သူ့ကို ထိခိုက်အောင် မလုပ်ခဲ့ဘူး "
" သူ့ကို ဒီတိုင်းအရှက်ရစေချင်ခဲ့ရုံလေးပါ .. အသက်အန္တရယ်အထိ ပေးဖို့ မရည်ရွယ်ခဲ့ ..."
" တော်‌လောက်ပြီ !!! စစ်ဆေးဖို့ ပို့လိုက်! " စုန့်ကျိုး ဓား‌မြောင်အား စူးရဲစွာ စိုက်ကြည့်ကာဖြင့် အော်ငေါက်လိုက်သည် ။ သူ မရှိတဲ့အချိန်က ရှပေါင်ခံစားခဲ့ရသည့် အရာများအား သိခဲ့ရခြင်းက သူ့ရင်ဘတ်တစ်ခုလုံးကို ဆွဲဆုပ်ခံလိုက်ရသလိုဘဲ ။ အခု ရှပေါင်ရဲ့ နေ့လားညလား မသိရတဲ့ အခြေအနေက သူ့ကို စဉ်းစားဆင်ခြင်ဉာဏ်မဲ့စေလုနီးပါးဘဲ ။