Arc.10.1
5.5K 263 9
တီ!!! တီ!!
တိုက်ခန်းငယ်တစ်ခုတွင် မနက်ခင်းနိုးစက်သံက ကုတင်ပေါ်ရှိ လူငယ်လေးအား နိုးထစေရန် ကြိုးပမ်းနေသည် ။ မွေ့ ယာပေါ်ရှိလူငယ်၏ မျက်‌ခုံးများက လှုပ်ရှားသွားခဲ့ပြီး အိပ်ချင်မှုးတူးဖြစ်နေသည့် မျက်ဝန်းများကို ဖွင့်လိုက်သည် ။ ဆူညံသည့် နိုးစက်အား လှမ်းပိတ်လိုက်သည် ။
" ဒီလိုမျိုး အနှောက်အယှက်မရှိ နိုးထလာရတာ တကယ်ကောင်းတယ် " မျက်ရိုးအား အသာဖိလိုက်ပြီး ရေရွတ်လိုက်သည် ။ သူ နိုးလာတိုင်း ပြဿနာရှာနေသည့် လူတစ်ယောက်ရှိနေခြင်းက သူ့ကို အဆင်မပြေစေဘူးလေ ။
အခန်းငယ်သည် သပ်သပ်ရပ်ရပ်ဖြင့် ရှိနေသည့်အပြင် ပစ္စည်းတိုင်းသည် နေရာတကျရှိနေသည် ။ စာအုပ်များဆိုလျှင် ပေတံနဲ့ တိုင်းပြီးများ ထားထားသလားဟု မှတ်ယူရလောက်အောင် စီစီရီရီရှိနေသည် ။ မှန်မှတဆင့်ဖောက်ဝင်လာသည့် နေရောင်ခြည်‌‌နွေးနွေး‌ကြောင့် အခန်းလေးသည် အလွန်နွေးထွေး ကြည်နူးဖွယ် ကောင်းသည်ဟု ခံစားလိုက်ရသည် ။
" ငါ့အလှလေးသာရှိရင် ပိုပြည့်စုံသွားမှာ "
သူက ခံစားချက်ကောင်းနေသဖြင့် ဇာတ်ကြောင်းအား လက်မခံသေးဘဲ ရေချိုးလိုက်ပြီး ပေါ့ပေါ့ပါးပါး အဝတ်တို့အား လှဲလယ်ဝတ်ဆင်ရန် ပြင်လိုက်သည် ။ အဝတ်အစားများမှာလဲ သပ်သပ်ရပ်ရပ်ရှိပြီး အသင့်အတင့်ဖြစ်နေသဖြင့် သူက ဇာတ်ကြောင်းလက်မခံရသေးခင်ပင် ဒီခန္ဓာကိုယ်အား အတော်လေး ကျေနပ်သွားတော့သည် ။
ရေချိုးခန်းထဲဝင်လိုက်ပြီးနောက် မှန်ပြင်ထက်က ပုံရိပ်အား ကြည့်လိုက်သည် ။ ရုပ်ရည်သည် နတ်ဘုရားအဆင့်ဟု ပြော၍မရသလို သာမန်ဟုလည်း သတ်မှတ်၍ မရချေ ။ ဇာတ်လိုက်တွေလို နတ်ဘုရားလို ရုပ်ရည်မျိုးနဲ့ ယှဉ်လျှင်တော့ သာမန်ဖြစ်သော်လည်း အတန်အသင့် ချောမောသည့်ထဲ ပါဝင်နေဆဲ ။
မနက်စာအတွက် ကော်ဖီတစ်ခွက်သာ ဖျော်လိုက်သောက်ရန် ပြင်သော်လည်း ကော်ဖီထုပ် ရှာမတွေ့ ခဲ့သဖြင့် လိ‌မ္မော်‌ဖျော်ရည်ကိုသာ ရွေးချယ်လိုက်ပြီး သန့်ရှင်းသည့် ဆိုဖာတွင် ထိုင်လိုက်ကာ ဇာတ်ကြောင်းအား လက်ခံလိုက်သည် ။