Arc.11.24
546 111 8
ရှန်းမော့ယင်း သူလက်ဖဝါးထဲမှာ ဆုပ်ကိုင်ထားတဲ့လက်လေးဆီကနေ ဖရိုဖရဲဖြစ်လာတဲ့စွမ်းအင်ကို ခံစားမိတာကြောင့် ထွက်သွားဖို့ အလျင်လိုလာတယ် ။ အရင်တစ်ခေါက် သူတို့ အနီရောင်ဝတ်သရဲနဲ့ တွေ့ တဲ့အချိန်က မုလျန်ခဲ့သည် အဓိကကုဒ်ရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရသေးသည် ။ ဒီကမ္ဘာတွင် မုလျန်ခဲ့အားထိခိုက်အောင်လုပ်နိုင်တဲ့အရာသည် အဓိကကုဒ်တစ်ခုတည်းသာ ဖြစ်သည် ။
Administer program ကို လက်ခံနိုင်တဲ့ ခန္ဓာကိုယ်ကို ဖန်တီးဖို့က လွယ်ကူတာမဟုတ်ပေ ။ အနည်းငယ်လွဲချော်သွားတာနဲ့ ကုဒ်တွေက ရှုပ်ထွေးသွားတော့သည် ။ အဲ့ဒီရှုပ်ထွေးမှုကနေ ကပ်ဘေးတစ်ခုခုဖန်တီးခဲ့မိရင် အကျိုးဆက်ကို မည်သူမျှတားဆီးနိုင်မှာ မဟုတ်ပေ ။
ရှန်းမော့ယင်း ရောက်လာသည့် လူများအား အရေးလုပ်ခြင်း မရှိဘဲ မုလျန်ခဲ့အား ချက်ချင်း ဆွဲခေါ်ကာ မြို့ပြင်သို့ ဦးတည် ပြေးလွှားတော့သည် ။ အဓိကကုဒ်အတွက်တော့ လီကျန်းက ဒီမှာရှိနေပြီဆိုတာ သိတာကြောင့် အလျင်မလိုပါ ။ သူက မုလျန်ခဲ့ကို လုံခြုံတဲ့နေရာပို့ပြီးမှ ပြန်လာခဲ့မည် ။
ဤသို့ လှည့်ပင်မကြည့်ဘဲ ထွက်ပြေးသွားလိမ့်မယ်လို့ မထင်ထားသဖြင့် ချုးယွီရော လီကျန်းပါ မျက်မှောင်တွေ ကြုတ်သွားကြသည် ။
' ဒီလို ကိုယ့်ရှေ့ကို တစ်ယောက်ယောက်ရုတ်တရက်ပေါ်လာရင် တစ်ချက်လောက်တော့ ကြည့်မိရမယ်လေ .. ပုံမှန်ဒီလိုဖြစ်သင့်တာလေ '
" လိုက်စမ်း !! " မုန်းတီးမှုကို ဖုံးကွယ်ထားသည့်အသံဖြင့် လီကျန်း အမိန့်ပေးလိုက်သည် ။ မရေတွက်နိုင်တဲ့အရိပ်တွေက ချက်ချင်း လှုပ်ရှားလာကာ လမ်းမပေါ် ထိုးထွက်လာကြတော့သည် ။ ကလေးငိုသံ ၊ ရယ်သံ ၊ လူကြီးတွေရဲ့ ရန်ဖြစ်သံဘ၊ အမျိုးသမီးတွေရဲ့ တခစ်ခစ်ရယ်သံ နဲ့ တရှုံ့ရှုံ့ငိုသံတွေဟာ အဘက်ဘက်ကနေ စတင်ထွက်ပေါ်လာတယ် ။ ဒီအသံတွေက တမြို့လုံးကို လွမ်းခြုံသွားပြီး ခြောက်ခြားဖွယ်ရာ အတိ ဖြစ်စေတယ် ။
ဒီမြို့ထဲမှာ အသက်ရှိနေပုံရတဲ့ လူတချို့ကြောင့်သာ မဟုတ်ရင် ဒါဟာ သရဲမြို့လို့တောင် ခေါ်လို့ရနေပြီဖြစ်သည် ။