Arc.12.2
639 123 18
"ဟေ့ .. မင်း ပရော်ဖက်ဆာ တစ်ယောက်ဖြစ်ပြီး ပြောပြီးသားစကားကို ပြန်မျိုမချနဲ့လေ .. အစကတည်းက ငါတို့ သဘောတူပြီးသားကို "
" မင်းတို့ကို အသွင်ပြောင်းခါနီးနေတဲ့ဟာ ဒါမှမဟုတ် သန္ဓပြောင်းတဲ့ အကောင် ကို ရှာခိုင်းတာလေ .. ဒီလို ရိုးရိုးဇွန်ဘီကို ငါတို့ အကြိမ်ကြိမ်စမ်းသပ်ပြီးသား ထပ်မလိုတော့ဘူး "
" ပြီးတော့ ဒီလိုရိုးရိုးဇွန်ဘီကို ခံတပ်အပြင်မှာ ကြိုက်သလောက် အလကားယူလို့ရတယ် .. အဲ့ဒါကို မင်းက မုန့်အခြောက်လေးဖာ တောင်းတယ် .. ဟမ့် အရင်ကျိုးကြောင်းမ‌ဆီလျော်တာ ဘယ်ဘက်ကလဲ "
" မင်း !!! "
ပရော်ဖက်ဆာဆိုသူနှင့် အကြိတ်အနှယ် ညှိနှိုင်းနေသူမှာ လူခြောက်ယောက်ပါ အဖွဲ့လေး၏ ခေါင်းဆောင်ဖြစ်လေသည် ။ သူတို့က စခန်းက ထုတ်တဲ့ သိပ်အန္တရယ်မများလောက်တဲ့ တာဝန်တွေကို လုပ်ကာ ဆုကြေးယူလေ့ရှိသည် ။ ဒီတစ်ခါ သူလက်ခံထားတာက သုတေသန အဖွဲ့အတွက် ဇွန်ဘီတချို့ ဖမ်းပေးရန်ပင် ။ သူ က ဒီလောက် လက်‌ပေါက်ကပ်တဲ့လူမျိုး တစ်ခါမှ မတွေ့ ဘူးပေ ။ သူတို့သည်လည်း ဤဇွန်ဘီများကို အမိဖမ်းနိုင်ဖို့ လွယ်ကူတာမဟုတ်ပေ ။ အနည်းငယ် ခြစ်ရာလေးဖြစ်တာနဲ့တင် အမျိုးတူများ ဖြစ်သွားနိုင်သောကြောင့် နည်းနည်းတောင် သတိလွတ်၍မရပေ ။
သို့သော်လည်း မတတ်နိုင် ။ ပျက်ကပ်က သူတို့အား ရွေးချယ်စရာနှစ်ခုသာ ပေးထားသည် ။ ငတ်သေမလား ဇွန်ဘီအဖြစ်ခံမလား ဆိုတာဘဲ ဖြစ်သည်။ သူတို့တွင် တတ်မြောက်ထားသည့် ပညာလဲ မရှိသလို အဆက်အသွယ်ကောင်းကောင်းလဲ မရှိပေ ။ စစ်တပ်ထဲဝင်ကာ ရှေ့တန်းထွက်ရသည်အထိလည်းသတ္တိမရှိချေ ။ သူတို့ရဲ့ တိုက်ရည်ခိုက်ရည်လေးနဲ့ ရှေ့တန်းတွင် အမြောက်စာလေးများသာ ဖြစ်နိုင်သည် ။
ပရော်ဖက်ဆာသည် သူ့မျက်မှန်အား ပင့်တင်လိုက်ပြီး လက်ဝှေ့ယမ်းကာ ဆိုလိုက်သည် ။ " ဘီစကစ်မုန့်ခြောက် နှစ်ဖာ ပေးမယ် .. လက်ခံချင်လက်ခံ မခံချင်နေ "
ဘေးနားက လက်ထောက်လေးသည် ဒေါသတကြီးဖြင့် အပေးအယူအား လက်ခံကာ ထွက်သွားသည့် အဖွဲ့အား ကြည့်လိုက် သူ့ပါမောက္ခအား ကြည့်လိုက်ဖြင့် " ပရော်ဖက်ဆာ .. အဲ့လိုလုပ်လို့ အဆင်ပြေပါ့မလား .. နောက်တစ်ခါအလုပ်ရှိလို့ သူတို့ လက်မခံတော့ရင် ဘယ်လိုလုပ်မလဲ "